Part-16(Unicode)🌸💖

972 75 3
                                        


စည်းတစ်ခု

ဆရာမထွေး နဲ့ ဆရာမမေသူ စကားပြောရင်း ဆရာမထွေးအိမ်အရောက်လိုက်ပို့ခဲ့ပြီး ဆရာမမေသူလည်း သူ့အိမ်သူပြန်ခဲ့သည်။

၁၀တန်းတွေတွက် ကျောင်းပိတ်ပေးလိုက်သော်လည်း ဆရာမတွေကတော့ ကျောင်းမပိတ်မချင်း သွားနေရသေးသည်။ဆရာမထွေး ကျောင်းသို့သွားတိုင်း လေပြေတို့ လမ်းရောက်လှ ျင် ထိုနေ့က အဖြစ်အပျက်တွေကို ပြန်မြင်ပြီး သတိရနေမိသလို ငိုလည်းငိုချင်ပြန်သည်။

လာမယ့်အပတ် ကျောင်းပိတ်ရက်သို့ ရောက်သောအခါ လေပြေဆီသွားချင်သော်ငြားလည်း စိတ်ကသာရောက်နေပေမယ့် လူကမသွားရဲ••••

ဒါနဲ့ စဥ်းစားရင်း ဆရာမမေသူကို သတိရသွားသည်။ဆရာမမေသူဆီ ဖုန်းဆက်လိုက်သည်။

တစ်ဖက်တွင်လည်း ဆရာမထွေး ဖုန်းဆက်သည့်အသံထွက်ပေါ်လာသည်။

ဆရာမထွေး - "မေသူရေ ကိုယ်ပါ မေသူအားတယ်မလားဟင်"

ဆရာမမေသူ - "အားပါတယ်မသူ ဘာလို့လည်း ကိုယ်လာခဲ့ရမလား"

ဆရာမထွေး - "မေသူလာတော့ စကားပြောရတာ ပိုအဆင်ပြေတာပေါ့ ဖုန်းထဲဆိုတော့ အဆင်မပြေမှာဆိုးလို့"

ဆရာမမေသူ - "ဟုတ်ပြီအာ့ဆို ကိုယ်လာခဲ့မယ် ခဏစောင့်နော် မကြာဖူးရယ်"

ဆရာမထွေး - "Ok မေသူ ကိုယ်စောင့်နေမယ်"

နာရီဝက်လောက်ရှိတော့ ဆရာမမေသူ ဆရာမထွေးအိမ်သို့ရောက်ခဲ့သည်။မသူရေ ရှိလား။အေးလာပြီ မေသူရယ် ကိုယ်ကအိမ်မှာ အမြဲတမ်းရှိပါတယ်။

ဆရာမမေသူ - "ဦးနဲ့အန်တီရော မရှိကြဘူးလား"

ဆရာမထွေး - "ရှိတယ် အခန်းထဲမှာလေ။ကိုယ်ပြောစရာရှိတယ် မေသူ"

ဆရာမမေသူ - "ပြောလေမသူရဲ့ ဖုန်းထဲအဆင်မပြေမှာဆိုးလို့ လာခဲ့တာကို ပြောပါအုံး အသံကလည်း ကြားရတာ စိတ်မချမ်းသာလိုက်တာ ဘာဖြစ်ထားလို့လည်း"

ဆရာမထွေး - "ကလေးကိစ္စပါ မေသူ ဖြစ်နိုင်ရင် ကူညီပေးလို့ရမလားကွာ ကိုယ်ကလေးဆီ သွားဖို့ကြ ကလေးက အတွေ့ခံမှာ မဟုတ်လောက်ဘူး တကယ်လို့ တွေ့ခဲ့ရင်တောင် ကလေးပြောမယ့် စကားလုံးတွေကို ကိုယ်နားထောင်နိုင်မှာ မဟုတ်ဘူးမေသူ"

စည်းတစ်ခု💐💖(Ongoing)Donde viven las historias. Descúbrelo ahora