Part-26(Unicode)🌸💖

2.5K 99 47
                                    

စည်းတစ်ခု

ဆရာမထွေးကတော့  ကိုယ့်ဘက်ကခေါ်ချင်သော်ငြားလည်းပဲ  လူကြီးလည်းဖြစ်၊ဆရာမလည်းဖြစ်ဆိုတော့  ဒီတိုင်းနေလိုက်ရခြင်းဖြစ်သည်။

လေပြေကတော့  မတွေ့လိုက်လို့သာ  တွေ့ရင်တော့  ခေါ်မယ်လို့အတွေးထဲရှိသောကြောင့်ပင်  ခေါ်မည်လို့တွေးထားသည်။ဆရာမထွေးဘက်က ခေါ်သည်ဖြစ်စေ၊မခေါ်သည်ဖြစ်ပေါ့••••။

ကဲ ကျောင်းအပ်လက်ခံရတဲ့နေ့သို့ရောက်ရှိခဲ့ပါပြီ။

လေပြေနဲ့ထားကတော့  ကျောင်းတာဝန်ကျတာလည်း  အတူတူဆိုတော့  ဘယ်သွားသွား၊ဘယ်လာလာလည်း  အတူတူပါပဲ။သူတို့နှစ်ယောက်ကတော့  ရင်းနှီးသထပ်ရင်းနှီးပြီးတော့  တစ်ယောက်ကဘာဖြစ်တယ်ဆိုတာ  သိနေတဲ့အထိပါပဲပေါ့••••။

လေပြေကြည့်ရတာ  လုံးဝperfectပါပဲရှင်။မိန်းကလေးချင်းတောင်ငေးကြည့်ရတဲ့ထိ  လှပနေမှူက••••။ဆရာမတစ်ယောက်လည်းဖြစ်တော့  ဖြူစိမ်းလေးနဲ့ပိုလိုက်ဖက်နေပြန်ရော။အများနဲ့မတူအောင်ကဲပြားဝတ်ဆင်မှူကစမတူပြန်။အဖြူဆိုလည်း လည်စတစ်ပုံစံကိုမှခါးတိုလက်ရှည်ပုံစံလေးနဲ့၊ထဘီစိမ်းကလည်း ခြေမျက်စိဖုံးတဲ့ထိ၊ဟောဖိနပ်ကြည့်ဆိုလည်း  စလစ်ပါဖိနပ်အပါးကိုမှ အရောင်ကအဖြူရောင်လေး။

လေပြေ - "ထားရေ  ကလေးတွေကိုစာတောင်မသင်ရသေးဘူး  ခုလိုကျောင်းအပ်လက်ခံနေတာပဲရှိသေးတယ်ရင်ခုန်လိုက်တာ"အသည်းယားအောင်လုပ်ပြနေတဲ့ချစ်စုလေပြေသွေး

ထား - "ကဲဒေါ်ချစ်စုလေပြေသွေး  ဘယ်လိုဖြစ်နေတာလဲ၊ပူရတဲ့ဟယ်  အေးဆေးနေစမ်းပါ၊ဟိုဘက်နည်းနည်းတိုး  အိုက်တယ်"စိတ်တွေရှုပ်နေတဲ့ ထိပ်ထားထားမောင်

လေပြေ - "အေးပါအေ  တိုးပေးပါ့မယ်၊ဒေါ်ထား  ကျွန်မနာမည်ကိုအပြည့်အစုံခေါ်လို့ပါ့လား၊ရေသောက်အုံးမလားဟင်"သူ့သူငယ်ချင်း ထိပ်ထားထားမောင်ကိုစနေသော လေပြေတစ်ယောက်

လေပြေကအရင်နဲ့မတူပြောင်းပြန်ဖြစ်နေတယ်၊ထားလည်း လေပြေတိုင်းပါပဲ။နှစ်ယောက်ကပြောင်းလဲကုန်သည်။လေပြေတော့  အရင်ကတည်ငြိမ်အေးဆေးတဲ့ပုံစံလေး၊ထားလည်း  အရင်ကနည်းနည်းလေးစပ်စလူးထတဲ့ပုံစံလေး ဟိ နည်းနည်းလေးစကားပြောင်းပြီးရေးလိုက်တယ်။

စည်းတစ်ခု💐💖(Ongoing)Donde viven las historias. Descúbrelo ahora