စည်းတစ်ခု
မနက်ရောက်တော့ လေပြေစောစောနိုး ညကအိပ်ရာအစောဝင်ခဲ့သည့်တွက် ဖုန်းကောက်ကြည့်တော့ ဆရာမထွေးဆီက စာရောက်နေတာတွေ့တော့ ညကပြန်စာစောင့်နေမှာပဲ ဆိုပြီး လေပြေဘက်က စာပြန်ပို့ခဲ့တယ်။
လေပြေ - "ဆောတီးဆရာမထွေး လေပြေမနေ့ညက အစောကြီးအိပ်ပျော်သွားခဲ့လို့ပါ။Morningနော် ချစ်တယ်" ပြန်စာပေါ့။ချစ်တယ်ဆိုတဲ့ စကားနဲ့ချုပ်နေတာ။
ဆရာမထွေးကတော့ ညကပြန်စာစောင့်ရင်းအိပ်ပျော်သွားတာ မနိုးသေး။နိုးတဲ့ချိန်ကြည့်တော့ ချစ်ရသူဆီက စာဝင်နေတော့ ကျေနပ်နေပြန်ရော။
ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် အရင်ထပ်ပိုချစ်ပြီး ကြည်နူးချိန်၊ပျော်ရွှင်ချိန် ပိုများလာခဲ့သည်။လေပြေလည်း ကျောင်းပြီးဖို့ တစ်နှစ်သာလိုတော့သည်။
တစ်နေ့မထင်မှတ်ပဲ ပြသာနာတစ်ခုပေါ်လာခဲ့သည်။
ဆရာမထွေးက ဆရာမမေသူဆီအလည်လာရင်း လေပြေဆီဝင်တဲ့နေ့ကပေါ့••••
လေပြေက ဆရာမထွေးရောက်နေတာမသိ။ဆရာမထွေးကလည်း တမင်မပြောပေ။သူ့ကလေးအံ့သြသွားအောင် လုပ်ချင်သောကြောင့်••••။
လေပြေတို့က အဆောင်မှူးတို့အတွဲနဲ့ ထားရယ်၊လေပြေရယ် လေးယောက်ပျော်ပါး အပြင်ထွက်လည်ကြရင်း••••လေပြေတို့ ကျောင်းကအသိဆရာတစ်ယောက်နဲ့တွေ့တော့ လေပြေကလည်းမကောင်းတတ်တော့ လက်ခံစကားပြောနေရသည်။အဲ့ဆရာကလည်း လေပြေပထမနှစ်ကတည်းက လိုက်နေခြင်းပင်။လေပြေကတော့ အတန်းဖော်ထပ်မပို။
ထိုအခြေနေကို ဆရာမထွေးတစ်ယောက် မြင်သွားပြီး ဒေါသပုံထွက်လေ၏။ဆရာမမေသူပြောချိန်တောင်မရလိုက် လေပြေတို့နားရောက်သွားတဲ့ဆရာမထွေး။
ဆရာမထွေး - "ဒါကဘာတွေဖြစ်နေကြတာလဲ"
လေပြေ - "အယ် ထွေးဘယ်တုန်းကရောက်နေတာလဲ။ပြောလဲမပြောဘူး လာမယ်ဆို လာကြိုမှာပေါ့"
ဆရာမထွေး - "ပြောစရာမလိုဘူးထင်လို့ တို့မပြောတာ"
လေပြေကတော့ ထားကို ခဏနော်ပြောပြီး ဆရာမထွေးလက်ဆွဲထွက်သွားသည်။
ESTÁS LEYENDO
စည်းတစ်ခု💐💖(Ongoing)
Romance"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈
