Part-20(Unicode)🌸💖

1K 75 8
                                    

စည်းတစ်ခု

ညတစ်ညက သတိရခြင်းများစွာဖြင့် အိပ်ယာဝင်ခဲ့ရသည့် လေပြေတစ်ယောက် ကျေနပ်မိတာလား။အိပ်ပျော်အောင် အိပ်ရန်ကြိုးစား အိပ်လေသည်။တစ်ညတာကုန်ဆုံးခဲ့ရပြန်သည်။

နောက်တစ်ရက်မနက်ရောက်တော့ လေပြေစောနိုးနေသည်။ဒီနေ့တော့ ဆရာမမေသူနဲ့ မတွေ့တာကြာတော့ တွေ့မည်လို့ စိတ်ကူးထားသည်။လေပြေအပြင်ထွက်ခံနီး ဒေါ်မျိုးသူဇာကလည်း အပြင်သွားစရာရှိနေသည်။နှစ်ယောက်ကအပြင်ထွက်ဖို့ ကြုံနေတော့••••

ေဒါ်မျိုးသူဇာ - "သမီးချစ်စု အပြင်သွားမလို့လား"

လေပြေ - "ဟုတ် အန်တီသူဇာ ကရောသွားစရာရှိလို့လား"

ဒေါ်မျိုးသူဇာ - "အေးကွယ် သူငယ်ချင်းနဲ့ချိန်းထားလို့ခဏပါ သမီးကရောဘယ်သူနဲ့လည်း"

လေပြေ - "ဟိုတလောက အန်တီသူဇာပြောပြတာ်လေ ဒီမှာတာဝန်ကျတဲ့stateတုန်းကဆရာမ သွားတွေ့မလို့"

ဒေါ်မျိုးသူဇာ - "သြော် ဒါနဲ့သမီးက ဘယ်မှာချိန်းထားလဲ"

လေပြေ - "ကောင်းမှူတော်လည်းသွားရင်း အဲ့နားကမုန့်ဆိုင်တစ်ဆိုင်မှာတွေ့မယ်လို့ စဥ်းစားထားတာ"

ဒေါ်မျိုးသူဇာ - "အာ့ဆို အန်တီသူဇာနဲ့လိုက်ခဲ့လေ အန်တီသူဇာလည်း အဲ့နားသွားရမှာမလို့"

လေပြေ - "ရပါတယ် အန်တီသူဇာ သမီးအားနာလို့ပါ"

ဒေါ်မျိုးသူဇာ - "အားမနာပါနဲ့ အဆောင်လာနေ မိသားစုလိုပါပဲ လာလာအန်တီသူဇာနဲ့ပဲ လိုက်ခဲ့"

လေပြေလည်း လူကြီးကထပ်ခေါ်တော့ ရိုင်းရာကျမဆိုးလို့ အားနာနာနဲ့ လိုက်ခဲ့ရသည်။

ဒေါ်မျိုးသူဇာ - "သမီးရေ အန်တီသူဇာသမီးကို ဘုရားအရင်ချခဲ့ရမှာလား"

လေပြေ - "ရပါတယ် အန်တီသူဇာ သမီးအဲ့မှာပဲနေခဲ့လိုက်မယ်"

ဒေါ်မျိုးသူဇာ - "အေးအေးသမီး အဲ့တာဆို အပြန်အန်တီသူဇာဝင်ခေါ်ရမလား"

လေ​ပြေ - "ရပါတယ် အန်တီသူဇာရဲ့ သမီးဘာသာပပြန်ခဲ့လိုက်ပါ့မယ်"

စည်းတစ်ခု💐💖(Ongoing)Wo Geschichten leben. Entdecke jetzt