Part-19(Unicode)🌸💖

978 70 5
                                        

ခင် လူ၂ယောက်ထပ်ထည့်ထားပြီး ရေးပေးထားတယ်။ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်💛

အမှန်ကနေ့လည်ကြ upပေးမလို့ပါ မီးပျက်နေတာစောင့်ပြီး ခုမှမီးလာလို့😢


စည်းတစ်ခု


"ချစ်တယ် ကလေးရေ" စိတ်ထဲ တီးတိုးစွာ ပြောမိသည်။


လေပြေလည်း အောင်စရင်းထွက်ပြီး အိမ်နားက ကလေးတွေကို စာပဲသင်ပေးသည်။တစ်ခြားအလုပ်တော့ ကိုယ့်ဘာသာ တစ်ခါတစ်လေ ထမင်း၊ဟင်းချက်လေသည်။


Uniကျောင်းလည်းမဖွင့်ခင် လိုအပ်သည်များကို လေ့လာလေ့ရှိသည်။တစ်ခြို့အရာကြ ဆရာမမေသူကိုမေးလေသည်။ဆရာမဆိုတော့ ဘာလိုတယ်ဆိုတာကြ အကုန်သိနားလည်ပြီးသား ဝါရင့်ဆရာမဆိုတော့ လိုအပ်သည်များကို လေပြေအားကူညီပေးသည်။


ဆရာမမေသူ - "မသူရေ ကိုယ်စစ်ကိုင်းဘက်ကို အပြောင်းကျတယ်"


ဆရာမထွေး - "ကောင်းတာပေါ့ ကိုယ်ကမန်းလေးဘက်ဆိုတော့ နီးသွားပြီ လာတွေ့လို့ရပါ့"


ဆရာမမေသူ - "တွေ့ကြတာပေါ့မသူရေ"


ဆရာမထွေး - "ကိုယ်တို့နှစ်ယောက်ပဲ ပြန်တွေ့တယ်နော် ကလေးနဲ့ဘယ်ချိန်မှ ပြန်ဆုံမလဲမသိ ကံကောင်းရင်တော့ မတော်တဆ ဆုံချင်ပါသေးရဲ့••••"


ဆရာမမေသူ - "မသူရယ် အချိန်တန်ရင် ပြန်ဆုံရမှာပါနော်"


ဆရာမထွေး - "အင်းပါ အာ့ဆိုမေသူရေ ဒါပဲနော် လက်ထောက်လာနေလို့"(ညီမခဏနော် လက်ကာပြလိုက်သည်။)


ဆရာမမေသူ - "ဟုတ်ပြီမသူ ချပြီ"


ညရောက်တော့ လေပြေလည်း သိချင်တာရှိ ဆရာမမေသူနဲ့ ညတိုင်းလို စကားပြောဖြစ်သလို တစ်ခါတစ်ခါ သူချစ်ရ​တဲ့ ဆရာမထွေး အကြောင်းလည်းပြောဖြစ်သည်။


လေပြေ - "ဆရာမ transfer ကျပြီလား"


ဆရာမမေသူ - "အေးသမီး ဆရာမ စစ်ကိုင်းဘက်ကျတယ် သမီးလည်း ကျောင်းတက်ရင် စစ်ကိုင်းတက်ပါ့လား သမီးကအမှတ်ကောင်းပြီးသားကို B.Edတက် ဆရာမလည်းရှိတော့ သမီးအဆင်​ပြေတာပေါ့ ဟုတ်ဘူးလား"


စည်းတစ်ခု💐💖(Ongoing)Where stories live. Discover now