စည်းတစ်ခု
ပြန်တော့မို့လား ညနေပြန်လေနော် မသူ
လိုက်ပို့ပေးမယ်လေ(မသူစိတ်ထဲတော့
ကလေးလေးမပြန်စေချင်သေးဘူးပေါ့
ချစ်ရတဲ့ကလေးလေးရဲ့ မျက်နှာကို
ကြည့်လို့မဝသေးဘူးလေ
ကလေးလေးရယ် မပြန်ပါနဲ့အုံးလား
ကွယ်။)စိတ်ထဲပြောနေမိသည်။
ေလပြေ-ရတယ်လေမသူ ညနေမှပြန်ဆို
ညနေမှပဲပြန်တော့မယ်။(မသူစိတ်ထဲ
ကြိတ်ပျော်သွားသည်၊မျက်နှာမှာပြုံးမိ
သည်)ကို လေပြေတစ်ယောက်မြင်သည်။
ဒါမဲ့ မမြင်ချင်ယောင် ဆောင်ပေးလိုက်
သည်။ (အဲ့လိုမမြင်ချင်ယောင်ဆောင်ပေး
လိုက်သည်မှသာ သူ့ရဲ့ဆရာမ မသူတွက်
မရှက်ရသည်။) သို့သော် လေပြေ စဥ်းစား
မိသည် "ငါလဲ မသူစိတ်ဆိုးရင် စိတ်ထဲက
နေဘယ်လိုဖြစ်သွားမှန်းကိုမသိဘူး....။
စဥ်းစားရင်းအတွေးတစ်ခုဝင်လာခဲ့သည်
မသူ.......... အို မဖြစ်နိုင်လောက်ပါဘူး
ပေါ့။ ဒါမဲ့ ငါလည်းစိတ်ထဲ မသူပေါ် တစ်
မျိုးဖြစ်မိတယ်။ ငါ မသူကို ချစ်မိနေတာ
များလား...........။"
ထိုစဥ် မသူမှ လေပြေအား ခေါ်နေသည်
လေပြေမကြားမိ။ မသူမှထပ်ပြီး "ဟိတ်
ကလေးလေး ဘာတွေဒီလောက်စဥ်းစား
နေတာလဲ ခေါ်နေတာကြာပြီရယ်။
မှန်းစမ်း ရည်းစားများရနေပြီလား။
ဟာ မဟုတ်ရပါဘူး မသူရာ လေပြေမှာ
ရည်းစားမပြောနဲ့ ယောက်ျားလေးသူငယ်
ချင်းဆိုတာတောင်ရှားတယ် အတန်းထဲ
ကသူတွေခေါ်မှ အတန်းထဲကသူတွေပဲရှိ
တယ်နော်။(မျက်စောင်းလေးထိုးပြီး
ပြောလိုက်သည်။)
ESTÁS LEYENDO
စည်းတစ်ခု💐💖(Ongoing)
Romance"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈
