အပိုင်း(1/1)
Chanyeolတစ်ယောက် အိပ်ရာနိုးသည်နှင့်အရင်ဆုံးလုပ်ရသည်မှာ Facebookတွင်တင်ထားသောပုံ likeဘယ်နှစ်ခုအသည်းဘယ်နှစ်ခုစစ်ဆေးခြင်းဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် အချစ်ကလေးDyo၏လေဆိပ်ဆင်းသောပုံတွေဖြစ်သောကြောင့်ဖြစ်လေသည်။တတိယနှစ်တက္ကသိုလ်သခ်ျာအထူးပြုကျောင်းသားChanyeolဟာတစ်နေ့တစ်နေ့စားလိုက်အိပ်လိုက်ဖြင့်ကျောင်းပိတ်ရက်ရှည်ကိုဖြတ်သန်းနေခဲ့ရသည်။မိမိသာအလုပ်မရှိအကိုင်မရှိဖြစ်နေသော်လည်းမိမိချစ်ရသူက အလုပ်ကိုအင်မတန်ကြိုးစားသောရိုးသားကြိုးစားဖိုးသခွားလေးဖြစ်လေသည်။
ချစ်သူဆိုလို့မိမိကိုအထင်ကြီးလျှင်မှားသွားပေမည် ။တတိယနှစ်ရောက်တဲ့အထိ အဖြစ်မရှိသောFAပဲဖြစ်လေသည်။ကျွန်တော်ကား အဖြစ်မရှိသော်ညား သူငယ်ချင်းများရဲ့အချစ်ရေးဆို အတိုင်ပင်ခံအမတ်ကြီးဖြစ်လေသည်။လူကောင်ကြီးသလောက်နုလုံးသားကနုလွန်းပါသည်။အဆင်တကာအဆင်ပတ်ရှာပြီးD.O. Hyungရဲ့ပုံတွေ တွေ့တာနဲ့လက်နက်ချပြီးဒီလူဆီပဲရောက်လာရပြန်ပါသည်။
ကျွန်တော်idolကလူကောင်သေးသလောက် အလုပ်ကတော့စပါယ်ရှည်ကြိုးစားလွန်းသည်။သူကစားရတာကြိုက်သလိုစားဖိုမှူးလိုင်စင်ပါရထားပြီးသား။ကျွန်တော်ကလည်းစားရတာကြိုက်သည်ဖူးစာဆိုတာကအဲ့လို့ပင်။သူကအဆိုဘက်ရောသရုပ်ဆောင်ရောထူးချွန်သည်။ကျွန်တော်ကလည်းပျင်းတာရော အလုပ်မလုပ်ချင်တာရော ထူးချွန်သည်။လိုက်ဖက်သည်မဟုတ်လား။
သူကအင်မတန်ဥာဏ်ကောင်းသည်။ကျွန်တော်ကစာမေးပဲွဆိုone subject one nightသာဖြစ်သည်။အခုတတိယနှစ်ထိပေါ့လေ ။ကဲကျွန်တော်သူထက်သာသည်မဟုတ်ပေလော။စာလုပ်ရင်းအိပ်ပျော်သွားရသေးသည်။ကျူတိုဖြေရင်သူငယ်ချင်းဆီကကြည့်သည်။ဖုန်းနှင့်ပုံရုိက်သည်။ရှုး သူ့ကိုသွားမတိုင်ပါနဲ့ဗျာ။ခင်ဗျားတို့လည်းလုပ်ဖူးကြတာပဲမလား။မညာပါနဲ့ ကျွန်တော်ကသိနေတယ်လေ။
ကျွန်တော်idolကအနက်ရောင်ကြိုက်သည်။underwearကအစအနက်။
ကျွန်တော်ကအနက်ဆိုလုံးဝမကြိုက် ။ကျွန်တော်ကအပြာရောင်ကြိုက်သည်။ ပစ္စည်းတွေကအစအပြာတွေသာများသည်။အဝတ်များတွင်လည်းအပြာသာပြည့်နေသည်။ဒါကြောင့်အမေကတခြားအရောင်တွေသာဝယ်ပေးတော့သည်။အပြာတွေထပ်နေလို့ဆိုသည်။ကျွန်တော်ပထမနှစ်တတ်တော့ ကျွန်တော်ကိုsky blue princeဟုနာမည်ပြောင်ခေါ်ကြသည်။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ