"အချစ် ...."ချန်းယောလ် အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး အရှေ့မှာရပ်နေတဲ့လူကိုကြည့်လိုက်မိ၏။ခပ်တိုးတိုးရေရွတ်လိုက်သည်မို့ ပတ်ဝန်းကလူတွေတော့ မကြားနိုင်ခဲ့ပေ။ဂျောင်ဆူးသိနေခဲ့ပါသည်။ချန်းယောလ်နှုတ်ခမ်းလှုပ်ရုံထွက်ကျလာသည့် အမည်နာမ
ဟာ အချစ်ဆိုတဲ့ စကားဖြစ်မည်မှန်း သိလိုက်မိပါ၏။"ခင်ဗျားက ဘာလာလုပ်တာလဲ ရိုက်ကူးရေးရှိတယ်မလား "
ချန်းယောလ် အနေဖြင့် မိမိကြောင့် ချစ်ရသူ၏ အလုပ်ကိုမပျက်စီးစေချင်။မထိခိုက်စေချင်ပေ။
ပြီးတော့ နေအပူရှိန်ပြင်းသည့် ဒီနေရာတွင် မတ်တပ်ရပ်နေတာကြာ၍ အသားအရည်နေလောင်ခံရမှာမျိုးကိုလည်း မဖြစ်စေချင်ပေ။အနက်ရောင်က အပူစုပ်လွန်းသည်။ခက်တာက အချစ်ကအမြဲအနက်ရောင်သာ ဝတ်လွန်းသည်။ချန်းယောလ်သည် အမြဲတွေဝေအောင်လုပ်တတ်လွန်းသည်။ အခုထိ မှုန်ကုတ်ကုတ်ဖြစ်နေသောချစ်ရသူကို ဂျောင်ဆူး စေ့စေ့ကြည့်မိ၏။
"ချန်းက မပြောမဆိုနဲ့ ပျောက်သွားတာလေ ကိုယ်ဖုန်းလဲဆက်လို့မရဘူး တခြားဖုန်းနဲ့ဆက်လဲမရဘူး ကိုယ်ဘယ်လောက်ထိစိုးရိမ်နေခဲ့ရလဲ ဘယ်လောက် စိတ်ပူနေရလဲဆိုတာ မသိဘူးမလား ဘာလို့အဲ့လောက်ဆိုးချင်နေရတာလဲ "
ဂျောင်ဆူးစကားကြောင့် ချန်းကမဲ့ပြုံးပြုံး၏။
ဂျောင်ဆူး ချန်းယောလ် နားကို တိုးကပ်လာလိုက်ပြီး"တကယ်ဆို ကိုယ်အမှားပါ ချန်းကအငယ်ပဲကိုယ်အလျော့ပေးလိုက်ရင်ပြီးနေမယ့်ဟာ ကိုယ်ကချန်းယုံကြည်အောင် ချစ်မပြနိုင်ခဲ့လို့ အခုလို အထင်လွဲတာတွေဖြစ်လာခဲ့တာ ကိုယ်တောင်းပန်ပါတယ် "
ချန်းယောလ် ဂျောင်ဆူး၏စူးရှတဲ့မျက်ဝန်းတွေကိုမကြည့်ဘဲရောက်တတ်ရာရာကိုသာ အကြည့်ပို့ထားလိုက်၏။တကယ်ဆို ချန်းယောလ် ကိုယ်တိုင်လဲ ပြတ်သားနိုင်မည် မဟုတ်။ခဏတာ စိတ်ထွက်ပေါက် အဖြစ် ပေါက်ကွဲလာခဲ့တာဖြစ်သည်။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ