နေမင်းကြီးရဲ့ရှေ့တော်ပြေး နေရောင်ခြည်လေးများသည် ပြတင်းမှန်များကိုဖြတ်ကျော် ကာ အိပ်ခန်းသို့အလင်းကျရောက်လျက်ရှိ၏။ လေညှင်းများကလည်း ကန့်လန့်ကာစများကို ကျီစယ်ကာလှုပ်ခတ်သွားစေ၏။
ချန်းယောလ် မိမိမျက်နှာပေါ်ထိုးနေသော အလင်းရောင်များကြောင့်တစ်ဖက်လှည့်ကာ လွန့်လူးလာရ၏။ မှေးမှိတ်ချင်နေသော မျက်ဝန်းများကို အားယူကာ ဖွင့်လိုက်ရ၏။ မျက်ဝန်းကနေအလင်းရောင်ကို မခံနိုင်ဘဲ မျက်ရည်ပူတွေကျဆင်းလာရ၏။ထိုးကိုက်နေသောခေါင်းကြောင့် ညိုးငယ်စွာ အိပ်ရာထလာရ၏။စောင်တွေကိုဖယ်ကာ ရေချိုးခန်းထဲ ယိုင်တိုင်တိုင်နဲ့ဝင်သွားရ၏။ ထိုးထောင်နေသော ဆံပင်တွေနှင့် မသွေမလန်းဖြစ်နေသောမျက်နှာကြောင့် ချန်းစိတ်လေသွားရ၏။
ဖြူဖျော့နေသောနှုတ်ခမ်းတစ်စုံက ခြောက်ကပ်နေ၏။ ချန်းယောလ် အနည်းငယ်နွေးနေသော အသားအရည်ကြောင့် ဖျားနေပြီမှန်းသိလိုက်ရသည်။
လည်ပင်းဆီကmarkingအမှတ်အသားကြောင့် ညကပင်းဂွင်းပေါက်ရဲ့လက်ချက်မှန်းသိလိုက်ရ သည်။
အမြန်ကိုယ်လက်သန့်စင်ပြီး အကျီလဲကာ အောက်ထပ်သို့ဆင်းလာမိ၏။ထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်နှင့်ဆယ်ဟွန်းက မဂ္ဂဇင်းဖတ်နေရင်းမော့ကြည့်လာသည်။
"မျက်နှာ မလန်းပါလား ။မင်း နေရောကောင်းရဲ့
လား "ချန်းယောလ် မိမိရှေ့ရောက်လာသောအမူးပြေဟင်းရည်ကိုသောက်နေတာရပ်လိုက်ပြီး
ကောင်းကောင်းစားနေသော ဒိုဂျောင်ဆူးကို တစ်ချက်ကြည့်လိုက်၏။"ညက ညနက်မှရေချိုးမိလို့အအေးမိသွားတာ ပြီးတော့အရက်နာကျတာပါ ပါသွားတာ လည်ချောင်းတော့နာနေတယ် "
ဆယ်ဟွန်းသူငယ်ချင်းဖြစ်သူရဲ့နဖူးကိုလက်နဲ့စမ်းကာ ပူနေသောကြောင့်ဖျားနေပြီမှန်းသိလိုက်ရ၏။နီမြန်းနေသောမျက်ဝန်းတွေကြောင့် အဖျားကြီးမည်ဟုခန့်မှန်းမိသည်။
"အရက်သောက်လာတာကို ညဘက်ကြီးရေထချိုးရလား ပြီးတော့ရေပူရေအေးစနစ်တောင်မခွဲနိုင်တော့ဘူးလား ဘယ်လောက်တောင်မူးလာလို့လဲ လေမဖြတ်တာပဲကံကောင်း
ဆေးထိုးမှရမယ်ထင်တယ် ဆရာဝန်ခေါ်လိုက်မယ်"
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ