ချန်းယောလ် ကားပါကင်မှာကားကိုသေချာနေရာချလိုက်ပြီး ဘေးတံခါးကိုအမြန်ပြေးဖွင့်ပေးလိုက်၏။ဂျောင်ဆူးလွယ်ထားတဲ့ဂျင်းပြာ ကျောပိုးအိတ်ကို ယူလွယ်ကာ ဂျောင်ဆူးကိုရှေ့ကနေလျှောက်စေ၏။နောက်ကနေလိုက်လာရင်း ဂျောင်ဆူးကခဏရပ်သွားကာအောက်ကိုငုံ့ကြည့်၏။
ချန်းယောလ် ဂျောင်ဆူး၏ ပြုတ်ချင်နေသောဖိနပ်ကြိုးကိုအစကနေ ပြန်ချည်ကာပေးလိုက်၏။ကြိုးကိုချည်နေရင်းKyungကိုမော့ကြည့်မိသည်နှင့် kyungကအားနာနေပုံပေါ်၏။"ဂျယ်ဂျူမှာကျွန်တော်ဖိနပ်ကြိုးကို kyungချည်ပေးခဲ့တာမှတ်မိလား အဲ့တုန်းက Kyung ဒေါသထွက်နေမှန်းသိပေမဲ့ ဘာကြောင့်မှန်းမသိခဲ့ဘူး အခုကစပြီး အစ်ကိုဖိနပ်ကြိုးပြုတ်တိုင်း ကျွန်တော်ပဲချည်ပေးမယ်"
ချန်းယောလ်စကားကြောင့် ဂျောင်ဆူးပြုံးလိုက်မိ၏။
"အစ်ကိုဆိုပါလား ပတ်ချန်းယောလ်ကရိုရိုသေသေခေါ်တတ်သေးတာကို "
ပြောပြီးတာနှင့်အရှေ့ကလျှောက်သွားသောတစ်ယောက်သောသူကြောင့် ချန်းယောလ် နောက်ကလိုက်သွားရ၏။
ဓါတ်လှေကားထဲဝင်လိုက်ပြီး ၃လွှာကိုနှိပ်ဖို့ရွယ်လိုက်ပေမဲ့ လျင်လှသောအမျိုးသမီးတစ်ဦးက၂လွှာကိုသာနှိပ်လိုက်လေ၏။ထောင့်ကပ်နေသောKyungကို တစ်ဖက်လူတွေ မမြင်ရအောင်ချန်းယောလ်ကိုယ့်ကိုဘေးစောင်းအနေအထားနှင့်ဂျောင်ဆူးကိုစကားပြောကာ ကိုယ်တစ်ခြမ်းနှင့်ကွယ်ထားလိုက်၏။၂လွှာရောက်သည်နှင့် Kyung နှင့်အတူထွက်ကာ အထည်ဆိုင်ခန်းတွေဘက်ထွက်လာခဲ့လိုက်၏။
များပြားလှသောအဝတ်အစားတွေကြား kyung sooအဝတ်ရွေးနေသည်ကို ချန်းယောလ်ကူညီပေးလိုက်၏။ Gucci hoddileကိုရွေးချယ်ပေးကြည့်သော်လည်းခေါင်းခါကာ Nikeအနွေးထည်အနက်ရောင်၊အဖြူရောင်၊ခဲရောင်တို့ကိုသာဝယ်လေသည်။အပြာရောင် တီရှပ်ကိုပြ၍kyung ကိုယ်မှာဆင်ကြည့်သော်အခါ ချန်းယောလ် ခေါင်းကိုတစ်ချက်ခေါက်ကာ အဝတ်လဲခန်းထဲဝင်သွားလေ၏။ချန်းယောလ်မှာအမေနဲ့အတူစျေးဝယ်ထွက်လာတဲ့၅နှစ်သားလေးလို့ခံစားလိုက်ရ၏။သက်ပြင်းချလိုက်မိကာ ထိုင်ခုံမှာပဲထိုင်စောင့်နေလိုက်တော့သည်။ သူစိတ်တိုင်းကျ ဝယ်နေတာကိုသာ ထိုင်ကြည့်နေလိုက်၏။အသံတိတ်ကာ ငြိမ်ကျသွားသောသူကြောင့် ဂျောင်ဆူးလှည့်ကြည့်မိတော့ အသာလေးထိုင်စောင့်နေသူကိုတွေ့လိုက်ရ၏။ဂျောင်ဆူးချန်းယောလ်၏ပါးကိုလက်နှစ်ဖက်နဲ့ထိကိုင်ကာနှုတ်ခမ်းကိုစူထော်လာစေ၏။ maskကိုယ်စီတပ်ထားတာကြောင့် maskချင်းပဲထိကပ်စေလိုက်၏။
YOU ARE READING
ချစ်လား(completed)
Romantizmကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ