"ငါဒီနိုင်ငံမှာရှိမှန်း ဘယ်လို သိတာလဲ "ဆူဟို လေသာဆောင်မှာရပ်နေရင်းမေးလိုက်သည်။
ဂျုံအင်ကတော့ အဝေးကနေမြင်နေရတဲ့ ပဲရစ်မျှော်စင်ကိုသာငေးကြည့်မိနေ၏။
ဂျုံအင် ဆူဟိုခါးကိုခပ်တင်းတင်း ပို ဖက်လိုက်ရင်း
ဆူဟိုပုခုံးကိုမေးဖျားနဲ့ပွတ်တိုက်နေမိသည်။
ဆူဟို ဂျုံအင်ရင်ခွင်ပေါ်မှီထားရာမှ ပိုပိုတိုးဖက်လာသောလက်တစ်စုံကြောင့် ကိုယ်ချင်းထပ်လုနီးပါးဖြစ်လာရ၏။ဆူဟို ခါအီရဲ့လက်တွေပေါ် ထပ်ကာ ဆုပ်ကိုင်လိုက်၏။"ဒီရက်ပိုင်း ဒီမှာပန်းချီပြပွဲရှိတယ်လေ ပန်းချီတွေကိုနှစ်သက်တဲ့ အစ်ကိုတော့ ကျိန်းသေပေါက် ဒီပွဲကိုလက်လွှတ်ခံမှာမဟုတ်ဘူး ။ဆရာပီကာဆိုရဲ့ လက်ရာမွန်ပန်းချီကားတွေပါပြသထားမယ်ဆိုတော့
အစ်ကိုကျိန်းသေပေါက်လာမှာ ခရမ်းရောင်ကိုသဘောကျတဲ့အစ်ကိုကlavenderတွေဆီအလည်တစ်ခေါက်သွားဦးမှာလဲ သိနေတယ်လေ အစ်ကိုနဲ့ပတ်သတ်ရင် အသေးအဖွဲ့ကစ မှတ်မိတယ် "Kaiမိမိလက်ပေါ် ဆုပ်ကိုင်ထားသောအစ်ကိုရဲ့လက်တွေကိုကြည့်မိလိုက်၏။Kaiအသားအရည်မှာ ညိုသည်ဆိုရုံလေးပင်။ ချစ်ရသူနဲ့ယှဥ်လိုက်သည့်အခါမှသာ သိသာသွားရတော့၏။
"မကျေနပ်လိုက်တာ အစ်ကိုအသားကဖြူလိုက်တာ "
Kaiစကားကြောင့်အစ်ကိုကခပ်သဲ့သဲ့ရယ်၏။
"KAIရဲ့အသားအရည်လည်း မိုက်ပါတယ် sexyကျတယ်လေ ညိုချောတွေကဖြူချောတွေထက်ပိုလှတယ်တဲ့ "
*ရွှတ်...မွ*
ဆူဟိုစကားအဆုံးမှာတော့ Kai အစ်ကိုရဲ့ပါးပြင်ကိုတရှိုက်မက်မက် နမ်းမိလိုက်၏။
"ကျွန်တော်တို့ နောက်ဆုံးတော့ အတူရှိနိုင်ပြီ ပေါ့ "
ဆူဟို kaiကိုလည်ပြန်ကြည့်လိုက်ပြီး Kaiရဲ့မေးဖျားလေးကို လှမ်းနမ်းလိုက်၏။
"မိဘတွေကို ဘယ်လို ပြောပြကြမလဲ Joongစဥ်းစားပြီးပြီလား "
အစ်ကိုရဲ့စကားကြောင့် Kaiစိတ်ထဲတစ်မျိုး ဖြစ်သွားရ၏။ အမြဲတမ်းပုန်းရှောင်နေလို့မရပေ။ တစ်နေ့နေ့မှာတော့ မလွဲမသွေ ရင်ဆိုင်ရမည်သာ။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ