ကားလေးကဖြည်းဖြည်းမှန်မှန်နှင့်သွားလိုရာကိုပို့ဆောင်ပေးလာ၏။ကားတိခနဲ့ရပ်သွားမှ ပတ်ချန်းယောလ်မျက်ဝန်းများလှုပ်ရှားလာ၏။တစ်ခုခုများဖြစ်လို့လားအတွေးနှင့်အရှေ့ကိုသေချာကြည့်နေမိ၏။ဘေးဘီဝဲယာကိုကြည့်ပြီးမှ အသက်မှန်မှန်ပြန်ရှုမိသွား၏။ကားခါးပတ်ကိုဖြုတ်ကာသူကmaskတပ်ပြီးအပြင်ထွက်သွား၏။ကားတံခါးဖွင့်တာပိတ်တာပါအစ ငြင်သာ၏။ချန်းယောလ်ကတော့ သူကိုသာငေးကြည့်မိနေ၏။
သူကချန်းယောလ်ရှိရာဘက်လျှောက်လာပြီ ကားမှန်ကိုလက်နဲ့ခေါက်လာ၏။ကားမှန်ဖြည်းဖြည်းချင်းချလိုက်တော့ လက်ဆက်တဲ့လေရနံ့ကိုရရှိလာ၏။သူကချန်းယောလ်ကိုငုံ့ကြည့်လာပြီး စကားကိုအေးဆေးစွာပြောလာ၏။
"ချန်း ကိုယ်စားစရာသွားဝယ်မလို့လိုက်မလား ကျန်ခဲ့မှာလား
လျှောက်တော့မသွားနဲ့နော် ကားထဲမှာပဲနေ "ဆံနွယ်ဖြူတွေရှုပ်ပွနေတဲ့ ကောင်လေးကိုငုံ့မိုးကာကြည့်နေမိ၏။
"ကျွန်တော်လည်းလိုက်မယ် ကားထဲမှာမနေချင်ဘူး"
ချန်းယောလ်အပြင်ထွက်လိုက်တော့ စိတ်ညစ်ညူးမှုတွေသက်သာသွား၏။လေညှင်းကခပ်သွဲ့သွဲ့တိုက်နေသည်မို့ဆံနွယ်တွေလွင့်လာကာထိုးထောင်လာ၏။ဂျောင်ဆူးကချန်းယောလ်ရဲ့ဆံသားတွေကိုလက်နဲ့ဖိကာအရှေ့သို့စုပို့လိုက်၏။ခြေဖျားထောက်ကာဆံပင်ကိုထိကိုင်လာတဲ့အရှေ့ကလူသားကိုခေါင်းပဲငုံ့ပေးလိုက်တော့၏။စတွေ့ကတည်းကဒီဆံပင်တွေကိုပဲခဏခဏထိနေတာ။
သူကျဆံပင်အရှည်မထားဘဲသူများဆံပင်တွေကျတအားလှန်တင်ပေးနေတော့တာ။ခေါင်းငုံ့ကာဂျောင်ဆူးရှေ့ရောက်လာတဲ့ဆံနွယ်ဖြူတွေကိုကြည့်နေမိ၏။လက်နဲ့ထိုးဖွမိပြီးရယ်မိလိုက်၏။ဒါတမင်ရွဲ့နေတာမှန်းဂျောင်ဆူးသိလိုက်မိပါသည်။
စျေးထဲတွင်အနံ့ပေါင်းစုံတို့နှင့်လူများရှုပ်ယှက်ခတ်နေတော့၏။ဟင်းသီးဟင်းရွက်တွေကိုသေချာရွေးနေတဲ့ဂျောင်ကိုအထင်ကြီးစွာကြည့်နေမိ၏။ချန်းယောလ်မှာတော့သူဝယ်သမျှဒိုင်ခံသယ်နေရ၏။ဝတ်စားလာပုံနှင့်အသီးအရွက်တွေထည့်ထားသောအထုပ်ပေါင်းစုံနှင့်ချန်းယောလ်မှာအမှန်အကန်စိတ်ရှုပ်စရာကောင်းနေတော့သည်။ဒိုဂျောင်ဆူးကအသံတိတ်ဆန္ဒပြနေခြင်းဖြစ်နိုင်ပေသည်။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ