ချန်းယောလ် လင်းကျင်းလာသော ပတ်ဝန်းကျင်ဝယ် အိမ်ရှေ့ကစျေးဆိုင်လေးဆီထွက်လာခဲ့လိုက်ရ၏။လိုအပ်သမျှပစ္စည်းတွေကောက်ထည့်ပြီး ကောင်တာဆီထွက်လာခဲ့လိုက်၏။
"အစ်ကိုဂျယ်ယောင်း မတွေ့ရတာအတော်ကြာခဲ့ပြီပဲ
ကျွန်တော်ကို သွားတိုက်ဆေး၊သွားတိုက်တံ၊ဆပ်ပြာဘူးလေးတွေ မုန့်လေးတွေ တန်ဖိုးတစ်ချက်လောက် စစ်ပေးပါဦး"အစ်ကိုဂျယ်ယောင်းက ကျသင့်ငွေယူရင်း ချန်းယောလ်ကိုတအံတသြကြည့်လာ၏။
"အတော်ပြောင်းလဲသွားတာပဲ မမှတ်မိချင်ဘူးဖြစ်သွားတယ် ပိုချောပြီး ပိုမိုက်လာတယ် တရုတ်မြေနဲ့တည့်တယ်ထင်တယ် အန်တီတို့ရော မပြန်လာဘူးလား "
ချန်းယောလ် အစ်ကိုဂျယ်ယောင်းကိုပြုံးပြလိုက်ပြီး
အိတ်ကိုသေချာကိုင်ထားလိုက်ရ၏။"ဒီမနက် လိုက်လာမယ်တော့ပြောတာပဲ အစ်ကိုရေ
ကျွန်တော်လဲညတွင်းချင်းပြန်လာခဲ့ရလို့ ဘာလက်ဆောင်မှမဝယ်လာခဲ့ရဘူး ။ပြောင်းဖူးခင်းဆီသွားချင်လို့ ကလေးတွေ ဆိုင်ကိုရောက်ရင် အိမ်ကိုလွှတ်လိုက်ပါဦး"ချန်းယောလ်စကားကြောင့် အစ်ကိုကခေါင်းငြိမ့်ပြ၏။ချန်းယောလ် အိမ်နဲ့မျက်စောင်းထိုးအိမ်ဖြစ်တာကြောင့် သိပ်ကြာကြာမလျှောက်လိုက်ရ။ခဏနှင့်ပြန်ရောက်လေသည်။
ကိုယ်လက်သန့်စင်ပြီး ရေမိုးချိုးဖို့ပြင်ရသည်။
ချန်းယောလ် အဝတ်လဲပြီးလို့ အောက်ထပ်ဆင်းလာချိန်မှာတော့ မားနဲ့ပါးက ရောက်လို့ ချက်ပြုတ်ရေးပင်ဝင်နေလေပြီ။
ချန်းယောလ် အမေဖြစ်သူ၏ ခါးကိုဖက်လိုက်ပြီး ပါးကိုတစ်ချက်နမ်းလိုက်သည်။"အမေဖြစ်သူကို သတိတော့ရသေးတယ်ပေါ့ ပိုက်ဆံတွေပဲပို့ပြီး အိမ်ပြန်လာဖို့မနည်းပြောနေရတာမလား ။ဘာလဲ တရုတ်မလေးတစ်ယောက်ယောက်နဲ့ချစ်သူဖြစ်ပြီး ပြန်မလာချင်တော့တာလား"
မားရဲ့စကားကြောင့် ချန်းယောလ် ရယ်မိလိုက်သည်။အပါးကိုလည်းဖက်လိုက်ပြီး ပါးကိုရအောင်နမ်းလိုက်သေးသည်။ ဝယ်လာတဲ့မုန်လာဥနီကို ရေဆေးပြီး ဒီအတိုင်း ဝါးစားလိုက်၏။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ