ချန်းယောလ်နောက်ဆုံးစာအိတ်ကိုဖောက်ဖတ်လိုက်ပြီး စာအဆုံးသတ်ရောက်ခါနီးမှာ အခန်းတံခါးကပွင့်လာ၏။ သံပုရာရည်ကိုင်လာသော ဂျောင်ဆူးက စာရွက်ကိုငုံ့ဖတ်နေသော ချန်းယောလ်ကို ထိုင်လျက်လေးတွေ့လိုက်ရ၏။ဂျောင်ဆူးရင်ထဲစိုးထိတ်မိသွား၏။မဟုတ်မှ ချန်း တွေ့သွားခဲ့ပြီလား။ဂျောင်ဆူးရဲ့ စိုးရိမ်မှုကို ပြန့်ကြဲနေသော နှင်းဆီပွင့်ဖက်အကြွေတွေနှင့် ဓါတ်ပုံများကသက်သေပြသွားလေ၏။ဂျောင်ဆူး တည်ငြိမ်စွာနှင့် ချန်းရှိရာ ဆီလျှောက်သွားလိုက်၏။
စာဖတ်နေသော ချန်းယောလ် က ဂျောင်ဆူးကိုတစ်ချက်သာမော့ကြည့်ပြီး ဘာစကားမှမဆိုလာချေ။ ချန်းယောလ် များစွာသော စာတွေကိုဖတ်ပြီးချိန်မှာ ရင်ထဲမေးခွန်းတွေသာ ပြည့်နှက်သွားရ၏။ အောင့်သက်သက်နှင့်ခံရခက်သလို ဗလာသက်သက်ဖြစ်တည်နေသလိုမျိုးခံစားနေရ၏။
ရှုပ်ထွေးနေသော ခံစားချက်နှင့် ထူပူနေသော စိတ်တို့ကိုခဏတာ အနားပေးကာ စဥ်းစားဖို့လိုအပ်လာ၏။ချန်းယောလ် မတ်တပ်ရပ်လေး ကြည့်နေသော ဂျောင်ဆူးကို ပြောစရာများပျောက်ရှနေ၏။ချန်းယောလ် စာအိတ်တွေကိုနေရာတကျပြန်ထားလိုက်ကာ ပုံတွေကိုပါသေချာပြန်သိမ်းပေးထားလိုက်၏။ဘာစကားမှမဆိုဘဲ ရပ်နေသော သူကိုလည်း ပြောစရာများ ပျောက်ရှနေရ၏။အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ချန်းယောလ် လေသာဆောင်ဆီ ထွက်လာခဲ့လိုက်၏။
မြင်တွေ့နေရသော သွားလာလှုပ်ရှားမှုတွေကိုသာ အကြောင်းမဲ့ ငေးကြည့်မိနေ၏။အိတ်ကပ်ထဲက စီးကရက်ဘူးကိုထုတ်ယူလိုက်ပြီး စီးကရက်တစ်လိပ်ကိုမီးညှိလိုက်၏။လောင်ကျွမ်းသွားသော စီးကရက်ထိပ်လို ချန်းယောလ်ရင်ထဲ အစိုင်အခဲတွေ တရဲရဲတောက်လောင်နေ၏။လွင့်ကာကျသွားသော ပြာမှုန့်တွေလို အချစ်တွေလည်း ပဲ့ကြွေကြကုန်ပြီထင်၏။ရှုရှိုက်မိသော အဆိပ်ငွေ့တွေလို များစွာသော သံသယ တွေက ချန်းယောလ်ရင်ကို အကြိမ်ကြိမ်ထိုးနှက်နေ၏။စာတွေကို လက်တွေ့ဖတ်လိုက်ရသော်လည်း နာပါများ၍ထုံနေလို့လားမသိ။ခံစားချက်တွေက ဗလာနတ္ထိဖြစ်နေ၏။စီးကရက်ငွေ့တွေကို ပါးစပ်ထဲကမှုတ်ထုတ်လိုက်ရင်း မရေရာသော အတွေးကောက်ကြောင်းတွေကို ခြေရာခံနေမိ၏။
ဆက်ခနဲ့ ဆွဲယူခံလိုက်ရသောကြောင့် လက်ညိုးနဲ့ညှပ်ထားသော ဆေးလိပ်မှာ တစ်ဖက်လူလက်ထဲလုံးလုံးပါသွားရ၏။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ