🍎🍏ep25🍎🍏

88 5 0
                                    

ကြားလာ​သောဘဲလ်သံ​ကြောင့် အကြည့်ချင်းဆုံ​နေကြ​သော ဆယ်ဟွန်းနှင့်ချန်း​ယောလ် လှုပ်လှု
ပ်ရှားရှားဖြစ်သွားရ၏။

"​ကော လာတာထင်တယ် "

ဆယ်ဟွန်း၏စကား​ကြောင့်ချန်း​ယောလ် ကတံခါးသွားဖွင့်​ပေးဖို့လက်ပြကာ ​ရေခဲ​သေတ္တာဆီ​လျှောက်သွား​လေ ၏။ ​ရေဘူးကိုယူလိုက်ပြီး အမြန်ပလုတ်ကျင်းလိုက်၏။
စီထည့်ထား​သော ပန်းသီး​တွေထဲမှာတစ်လုံးကိုဆွဲယူကာ ကိုက်စားလိုက်၏။ပန်းသီးစားရင်းထွက်လာ​သောအခါ
ရှင်း​ကောနဲ့ ဒို​ဂျောင်ဆူးကို​တွေ့လိုက်ရ၏။

​ဂျောင်ဆူး မိမိယူလာ​သော လက်​ဆောင် များကို စားပွဲ​ပေါ်တင်​ပေးလိုက်ကာ အဖြူ​ရောင်တီရှပ်နှင့် အနက်​ရောင်စတိုင်ပန့်တွဲဝတ်ထား​သော ချန်း​ယောလ်ကိုကြည့်မိလိုက်၏။သူက​တော့ဆိုဖာ​ပေါ်ထိုင်ကာ အကျအနပန်းသီးထိုင်စား​နေ၏။ဆံပင်​တွေကို လက်နဲ့ထိုးဖွထား​သော​ကြောင့်ရှုပ်ပွ​နေ​၏။ကျန်းရီရှင်းမှာ အ​နေရခက်​နေ​သော ပတ်ဝန်းကျင် ကို ဖြိုခွင်းဖို့စတင်ကြိုးစားမိလိုက်၏။

"ချန်း​လေး ပြန်​ရောက်​နေပြီလား
အ​တော်ပဲကိုယ့်ညီနဲ့မိတ်ဆက်​ပေးမလို့
......"

ရီရှင်း​တွေးရခက်​နေသည်။မသိတာလဲမဟုတ်သိပြီးသားလူနှစ်​ယောက်ကိုပြန်မိတ်ဆက်​ပေးရမှာက ​ကြောင်​တောင်​တောင်နိုင်​နေ၏။ဆယ်ဟွန်းက​တော့ ပြုံးစိစိနှင့်မသိချင်​ယောင်​ဆောင်​နေ၏။ရီရှင်း
ဆယ်ဟွန်းရဲ့လက်​မောင်းကိုတစ်ချက်ထိကာ အချက်ပြလိုက်၏။အဲ့​တော့မှဆယ်ဟွန်းက ချန်း​ယောလ်ကို အနီးမှာထိုင်ဖို့ဆွဲ​ခေါ်လာ၏။ ဒါ​တောင်ကိုယ်​တော်​ချောကရ​အောင်ငြင်း​နေ​သေး၏။

"ကျွန်​တော် ဒို​ဂျောင်ဆူးပါ "

လက်ကမ်းကာမိတ်ဆက်လာ​သောလူ​ကြောင့်ချန်း​ယောလ် ပန်သီးစား​နေရင်း လက်ဆွဲနှုတ်ဆက်လိုက်ရ၏။ဆုပ်ကိုင်ထားမိတဲ့လက်ဖဝါးကအ​နွေးဓါတ်​လေးကို​ဂျောင်ဆူးခံစားမိ၏။လက်ကိုပြန်ရုတ်ချင်​နေ​သောချန်း​ယောလ် လက်ကိုကျွန်​တော်ကတင်းတင်းဆုပ်ကိုင် ထားမိ၏။ရုန်းထွက်​နေ​သောသူကို​ဂျောင်ဆူး ပြုံးပြီးကြည့်လိုက်မိ၏။

ချစ်လား(completed)Where stories live. Discover now