ဆူဟို ...မြင်တွေ့နေရတဲ့စတော့ရှယ်ယာ
စျေးတွေကြောင့်သွေးတတ်ချင်လာရ၏။ဒါကရည်ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်ပေ၏။အခုထိကတော့တစ်ဖက်လူကစျေးကိုဆက်ထိန်းကာထိပ်ဆုံးထဲရောက်ရှိနေဆဲဖြစ်၏။ဒုတိယအများဆုံးရှယ်ယာပိုင်ရှင်ကိုသတိထားဖို့ကောင်းနေလေပြီ။ဆူဟိုအိမ်နဲ့အဆက်သွယ်ပြတ်နေသည်မှာကြာခဲ့လေပြီ။အစ်ကိုဆီဖုန်းဆက်ပြီးတွေ့ရန်ချိန်းလိုက်၏။အခုလောက်ဆို ကျွန်တော်အစ်ကိုလဲထူပူနေလောက်ပြီ။မဆိုင်ချင်ပေမဲ့သွေးသားဆိုတာဖြတ်တောက်လို့မရပေ။
ဆူဟို လက်တော့ပ်ကိုပိတ်လိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ပုံလေးကိုငေးကြည့်မိ၏။အပြုံးတွေကအေးချမ်းလိုက်တာ။မတွေ့ရတဲ့နှစ်တွေအတွင်း
အသားလဲပိုဖြူလာပြီး ပိုလဲချောမောသန့်ပြန့်လာ၏။
အရင်လိုကလေးရုပ်ထက်သူကို့ပင်မနည်းမော့ကြည့်နေရ၏။အရပ်ကရှည်လာလိုက်တာ။
CEOဖြစ်ပြီးရုပ်ချောရေလျှံမို့ တစ်ချို့တွေကရေစီးချင်ရုံသာမကဆည်ပါဆောက်ချင်နေကြ၏။KAIကိုယ်တိုင်ကိုကပင် ဟိုတစ်လောကမှနာမည်ကြီးအဆိုတော်နှင့်လမ်းခွဲထားလေ၏။ဒီနှစ်တွေထဲသူနဲ့ပြတ်သွားတဲ့ကောင်မလေးတွေက မနည်းပေ။ကြာကြာလည်းမတွဲဘဲ ၁လ/ရက်၂၀ကျော်ဆိုပြတ်ပြီသာဖြစ်၏။
▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪¤▪
ဂျောင်ဆူးလက်ဝတ်ရတနာပြပွဲရောက်နေသောချန်းယောလ်ပုံများကိုSaveထားလိုက်၏။သူကြည့်ရတာတော့တကယ်ကိုပျော်ရွှင်နေလေသည်။သူရဲ့လက်ဝတ်ရတနာဒီဇိုင်းများလဲပါဝင်
သည်ဟုသိရသည်။ဆံပင်အဖြူရောင်နှင့်တွေ့လိုက်ရသည်မို့ အပြာရောင်တွေဘယ်ရောက်ကုန်ပြီလဲဟုတွေးမိလိုက်သည်။ကျွန်တော်အရင်ကထက်သူ့အကြောင်းတွေကိုပိုလေ့လာမိသည်။ပြီးတော့ မထင်ထားတဲ့ သူ မမှန်းထားတဲ့အရာတစ်ခုကိုလည်းလုပ်ထားလိုက်သေး၏။သိသွားလျင်ပေါက်ကွဲထွက်လာမယ်ကောင်လေးရဲ့ဒေါသတွေကို အခုကတည်းကခံစားမိနေ၏။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ