🍎🍏ep8🍎🍏

90 10 0
                                    


စာကြည့်တိုက်ထဲတွင်​ကျောင်းသားအချို့တီးတိုးစကားဆို​နေကြသည်။တစ်ချို့ကတိတ်ဆိတ်စွာစာဖတ်​နေကြပြီး လိုင်းWiFi​ကောင်းမွန်မှု​ကြောင့်ဂိမ်းလာ​ဆော့​နေ​သော ​ကျောင်းသားများလဲရှိ​နေကြသည်။ဇာတ်ကား​ဒေါင်း​နေ​သောမိန်းက​လေးများလည်းရှိ​ပေသည်။စာအုပ်​ရွေး​နေ​သောချန်းမှာ လက်ထဲတွင်လည်းစာအုပ်များကို ကိုင်ထား​သေးသည်။

"ချန်း နင်တို့projectဆုရလို့ ဂုဏ်ယူပါတယ် အံမယ်ဒီနှစ်လဲစန်တိုရီနီကို ထည့်​ပြောသွား​သေးတာပဲ ဒုတိယနှစ်တုန်းကလည်းအဲ့နိုင်ငံပဲမလား "

ဂန်မီဆိုရဲ့စကား​ကြောင့်ချန်းစာအုပ်​ရွေး​နေတာကိုပင်ရပ်လိုက်ရသည်။ ပြီး​တော့ပြုံးပြကာအချိန်စာအုပ်တွင်လက်မှတ်ထိုးခဲ့လိုက်၏။အပြင်ကိုထွက်လာ​တော့မီဆိုပါလိုက်လာခဲ့၏။​​​နေမင်းက​ရောင်ခြည်ဖြာထွန်းလင်း​နေသည်မို့ချန်းထီးထုတ်​ဆောင်းလိုက်ရ၏။သူ(မ)ကိုပါထီးမိုး​ပေးလိုက်၏။
နှစ်​ယောက်အတူယှဥ်တဲွ​လျှောက်လာကြ၏။

"ငါကပင်လယ်ပြာနဲ့​ခေါင်မိုးပြာ​တွေကိုသ​ဘောကျတယ်​လေ အဲ့​တော့စန်တိုရီနီကိုတအားသ​ဘောကျတာ ချစ်သူရှိခဲ့ရင်သူနဲ့ အလည်သွားချင်တယ်"

ချန်းကအလှသစ်ပင်​တွေကို​ငေးရင်း​ပြောလာသည်မို့မီဆိုကစိတ်ကူးယဥ်​နေပြန်ပြီဟုဆိုလာ​လေသည်။

မီဆိုကချန်းကို​ငေးကြည့်လာရင်း သူကပြုံးပြလာ၏။​လေညှင်းကတစ်ခါတစ်ရံတိုက်ခတ်လာသည်မို့သူ(မ)
ဆံနွယ်တစ်ချို့က​မျက်နှာ​ပေါ်ဖြာကျလာတတ်၏။သူကလက်နဲ့ပြန်သပ်တင်ရင်းချန်းရဲ့အပြာ​ရောင် သ​ဘောကျမှုကို​မေးမြန်း​နေ​သေး၏။

"ချန်း နင်လိပ်ပြာ​တွေ​ရောသ​ဘောကျလား ပန်း​တွေ​ရော​လေ ပန်းပဲွ​တော်တစ်ခုရှိတယ် သွားကြည့်ကြမလား "

မီဆိုရဲ့​မျှော်လင့်တကြီး​မေး​နေမှုကိုချန်းက​အောက်နှုတ်ခမ်းကိုသွားနဲ့တစ်ချက်ကိုက်လိုက်ပြီး​ခေါင်းခါပြလိုက်၏။ချန်းကလိပ်ပြာ​တွေနဲ့ပန်း​တွေကိုတအားကြီးသ​ဘောမကျခဲ့​ပေ။

"ငါက ပန်း​တွေကိုသိပ်မကြိုက်ဘူး ငှက်​တွေကို​တော့သ​ဘောကျတယ် ငှက်သံ​လေး​တွေကိုနား​ထောင်ရတာကြိုက်တယ် အိမ်တန်းတတ်ချိန်​အော်သံ​တွေ​ရော မနက်ခင်းငှက်​လေး​တွေတီတီတာတာ​အော်သံ​တွေကိုကြိုက်တယ် ငါအိမ်မှာဆိုငှက်စာ​ကျွေး​တဲ့​နေရာရှိတယ် အိမ်မှာဆိုငှက်​တွေအမြဲလာစားကြတာ ပန်းကအပြာ​ရောင်ဆိုငါကြိုက်ပါတယ် နှင်းဆီဆိုရင်​တော့ အနီကအကြိုက်ဆုံးပဲ မီဆို ငါ​တောင်းပန်ပါတယ် ပန်းပွဲတော်ကို ငါမလိုက်ဖြစ်​လောက်ဘူး တရုတ်စာ စာ​မေးပဲွ ရှိလို့ပါ "

ချစ်လား(completed)Where stories live. Discover now