Kaiအနေဖြင့်ပြောစရာစကားများပျောက်ရှခဲ့ရသည်။ကိုယ့်ကိုသူကလက်မခံနိုင်ကြောင်းကိုလည်းပြတ်ပြတ်သားသား အဖြေပေးသွားလေပြီ။သူ့ဘေးနား၅မိနစ်လောက်အတူနီးကပ်စွာနေခွင့်ရခဲ့တာကဆုလာဘ်တစ်ခုဖြစ်ခဲ့လေသည်။ခေါင်းထဲမှာဗလာကျင်းပြီးဖြစ်နိုင်ရင်အငွေ့တစ်ခုလိုသူရှေ့ကနေပျောက်ကွယ်သွားမိချင်သည်။ဒါမှမဟုတ်အချိန်တွေကိုခဏတာရပ်ဆိုင်းထားချင်မိသည်။အချိန်စက်ဝန်းရေ သူ့ဘေးနားကျွန်တော်နည်းနည်းပဲဖြစ်ဖြစ်ပိုနေချင်မိပါသည်။မျက်ရည်တွေကပါးပြင်ပေါ်ကနေတစ်စက်ချင်းလှိမ့်ဆင်းသွားသည်။ကျွန်တော်အသံကလည်ချောင်းထဲမှခဲရာခဲဆစ်တိုးရှရှထွက်ပေါ်လာသည်။အစ်ကိုရဲ့မျက်ဝန်းတွေကတော့အမြဲပင်ကြည်လင်ကာတောက်ပနေသည်။သူ့မျက်ဝန်းတွေဆီကတိုးဖွတဲ့တောင်းပန်အသနားခံမှုအရိပ်အယောင်တွေကိုတွေ့လိုက်ရတော့ကျွန်တော်ချက်ချင်းအကြည့်လွဲလိုက်မိသည်။
မဟုတ်သေးဘူးအစ်ကိုကကျွန်တော်ကိုသနားနေလို့မရဘူးလေ။ကျွန်တော်ကအစ်ကိုရဲ့သနားကြင်နာမှုကိုလိုချင်နေတာမျိုးမဟုတ်ရပါဘူး။သူ့ရဲ့အနံ့အသက်ရှိတဲ့လက်ကိုင်ပုဝါလေးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။မျက်ဝန်းတွေကိုမှိတ်ချလိုက်ပြီး သက်ပြင်းချမိလိုက်သည်။ကောင်းကင်ပေါ်ကလမင်းကိုကြည့်ကာဆုတောင်းမိသည်။အစ်ကိုကတော့ကျိန်းသေပေါက်အေးချမ်းနေရမည်။
အစ်ကိုဆူဟိုဘယ်အချိန်ကထွက်သွားမှန်း kaiမသိလိုက်ပေ။ကိုယ်စိတ်တွေထူပူကာအပြင်မှာဘယ်လောက်ကြာသွားမှန်းမသိဖြစ်ခဲ့ရသည်။မျက်ရိုးတွေကိုက်လာသည်မို့ကျိန်းသေပေါက်အိပ်စက်အနားယူမှရပေလိမ့်မည်။အိပ်မက်ထဲတွင်တော့ အစ်ကိုကကြင်နာကောင်းကြင်နာပါလိမ့်မည်။
ချန်းတို့အနားယူချိန်ရောက်တော့Kaiကဆေးသောက်ပြီးအိပ်လို့တောင်နေပြီ။မျက်ခွံမို့မို့တို့က တစ်စုံတစ်ရာဆီမှအပြင်းအထန်ငိုကြွေးခဲ့ကြောင်းသက်သေခံနေလေသည်။မနက်ဖြန်ဆိုပြန်ပြီဖြစ်သော်လည်းမိမိနှင့်တစ်ညနေသွားမည်ဟုပြောလာသောအခါ သူငယ်ချင်းအကြောင်းသိသူပီပီမငြင်းမိခဲ့ပေ။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ