Kaiလက်ထဲထည့်ပေးပြီးသည်နှင့် ဆူဟိုအားယူကာ စကားပြောနိုင်ဖို့ကြိုးစားလိုက်ရ၏။"Kai....အခုလိုတိုက်သွားသူကို....မဖမ်းပါနဲ့တော့....
ပြဿနာတွေလဲ ....ပြီးပါစေတော့။ငါခွင့်...လွှတ်...တယ်။...အဲဒီလူကြောင့်....
ငါ..မိဘတွေညီအစ်ကိုနဲ့....မင်း...ကြား...စိတ်ညစ်နေရတဲ့ဒုက္ခကနေ...လွတ်မြောက်ခဲ့...ရတာ...ငါ..ကျေးဇူးတောင်...တင်သေးတယ်...မင်း...ကတိပေးပါ
ထပ်ပြီး..အဲ့လူတွေကို...ရန်မရှာပါဘူးလို့...ငါထပ်ပြီးမင်းကို....ဘာကိစ္စနဲ့မှ....အထိ..ခိုက်မခံနိုင်တော့ဘူး"ပြောရင်း ပါးစပ်ကနေသွေးတွေစီးကျလာ၏။ကျွန်တော်ရဲ့လက်တွေကို ဆုပ်ကိုင်ကာ ပြောလာသူကြောင့် ကျွန်တော် အတတ်နိုင်ဆုံးခေါင်းညိတ်မိလိုက်၏။သွေးတွေကသူရဲ့အဖြူရောင်suitတစ်ခွင် စွန်းထင်နေ၏။
Kaiအစ်ကိုရဲ့နဖူးကိုမိမိနဖူးနှင့်ထိလိုက်ပြီး မျက်ရည်တွေကကျဆင်းနေ၏။"ဘေးဖယ်ပေးကြပါဗျ....ကျွန်တော်တို့ဆောင်ရွက်ပေးပါမယ် "
အစ်ကိုယွီခေါ်ထားသောလူနာတင်ယာဥ်မှာပါလာသောဆရာဝန်နှင့်သူနာပြုများကKaiနှင့်ဝိုင်းနေသောအစ်ကိုယွီ၊ကျိုးတို့အုပ်စုနှင့်ချန်းယောလ်တို့ကိုပါ ဘေးဖယ်စေ၏။
ဆူဟို kaiကိုခေါင်းထဲပေါ်လာသော ဆရာမခရစ္စတီနာ ရိုဆက်တီရဲ့လက်ရာကောင်း ကဗျာတစ်ပုဒ်ဖြစ်တဲ့***song***
ထဲကစာသားတစ်ချို့ကို ရွတ်ပြမိလိုက်၏။ကဗျာရဲ့ဆိုလိုရင်းကို သူနားလည်ပါစေဟု ရည်ရွယ်မိ၏။
"And dreaming through the twilight,
(လဲလျောင်း အိပ်စက် အိပ်မက်ကမ္ဘာမှာ)That doth not rise nor set,
(ဆည်းဆာတို့က တက်လည်းမတက် သက်လည်းမသက်ပါ)
Haply,I may remember,
(ကိုယ်ဘက်ကလည်း မင်းအပေါ်မှာ သတိရဆိုရမလား ဖြစ်နိုင်တာ)
And haply may forget .
(မေ့လျော့ပြီးလား ဖြစ်နိုင်တာ)
ကဗျာစာသားရွတ်ပြီးသည်နှင့်မှေးမှိတ်သွားသောမျက်ဝန်းတွေကို kaiမယုံနိုင်စွာကြည့်မိလိုက်၏။
ဆရာဝန်တွေကkaiကိုဘေးကိုတွန်းလိုက်ကာ စမ်းသပ်ကာအရေးပေါ်ပြုစုနည်းCPRလုပ်နေ၏။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ