🍎🍏ep10🍎🍏

84 8 0
                                    

ဘွဲ့နှင်းသဘင် ခန်းမ​ရှေ့ဝယ် ​ကျောင်းသားမိဘ​ဆွေမျိုးများဖြင့်စည်းကား​နေသည်။ အခမ်းအနားစ​ပြီးမို့ ဝင်ခွင့်မရတဲ့သူများက​တော့ အပြင်မှာ ​စောင့်​နေကြ​ပေသည်။ အဖဲွ့mussic class,Dancing Classနှင့်ရိုးရာယဥ်​ကျေးမှုအသင်းတို့မှအသင်းသားများလည်း​စောင့်​နေကြသည်။ဘဲွ့ယူမည့်သူများတွင်သူတို့အသင်းသားများလည်းပါဝင်သည်မို့ ဂုဏ်ပြုပန်းစည်းများနှင့်​စောင့်​နေကြ​ပေသည်။

ဓါတ်ပုံဆရာများကလည်း ​နေရာအတည်တကျထားကာ အလှဆင်ထားသည့်​နေရာများမှာ​စောင့်​နေကြသည်။​ဟောခန်းမ​ရောက်မှီ အဝင် ​အဝဘေးတွင် ​ATM စက်များရှိ​ပေသည်။ထိုအနီးအနားတွင်​တော့​စေတနာလုပ်အားရှင် ကြက်​ခြေနီ အသင်းသားများ​ဆေးပုံးနှင့်တကွရှိ​လေသည်။သူတို့ခုံတန်းလျားတွင် ပန်းစည်များတင်ထားကာ ဘဲွ့ယူမည့် အဖဲွ့ဝင်များအတွက်လက်​ဆောင်ပြင်ထားကြ​လေသည်။

ကြက်​ခြေနီ အဖဲွ့သားများမှာ ဘဲွ့နှင်းသဘင်အခမ်းအနားစတင်သည့်ရက်မှပြီးဆုံးသည့်အထိတာဝန်ယူထားကြရ​ပေသည်။လူဦး​ရေ များပြားသည့်အတွက်မူး​ဝေသူများမှအစ ​မေ့လဲသူများရှိလာရင် ​ဆေးခန်းသို့ပို့​ဆောင်​ပေးရ​လေ့ရှိသည်။ ဘဲွ့ယူမည့်​ကျောင်းသူအများစုမှာ မနက်အ​စောကြီးထရပြီး မိတ်ကပ်ပြင်ဆိုင်များမှာ အလှည့်ကျ​​စောင့်ရသူများမို့ ပြင်ဆင်ပြီးတာနှင့်အဲကွန်း​အေးစိမ့်​နေ​သောအခမ်းအနားတွင်မနက်၈နာရီက​နေစတင်ကာ၁၁နာရီ​ကျော်အထိ ​နေရ​လေ့ရှိသည်။

ဒါ​ကြောင့်အိပ်​ရေးပျက်ကာ အစားမစားလာသူများကအသက်ရှူမဝဘဲ ​ရောဂါအခံရှိသူများက မူး​ဝေကာ သတိလစ်သူများပါ​ရှိတတ်​သော​ကြောင့်ဖြစ်​လေသည်။
《(ကျွန်​တော်တို့သွား​​စောင့်ရတဲ့ရက်ကဆို အစ်မတစ်​ယောက်အသက်ရှူမဝဘဲသတိလစ်ချင်သလိုဖြစ်လို့ အ​ရေး​ပေါ်​ဆေးခန်းအမြန်ပို့ရပါတယ် သူကနှလုံး​ရောဂါအခံလည်းရှိပါတယ်လို့သိရတယ်ဗျ အဲ့တုန်းကဆိုမိဘ​တွေ​ရော ကျွန်​တော်တို့​ရော တအားစိုးရိမ်ခဲ့ရတာ တစ်ခုခုဖြစ်မှာစိုးလို့ ဒါကကြုံဖူးတာ​လေး​ပြောပြတာပါ )》

ဆူဟိုတို့​ရောက်သည့်အချိန်၌မနက်ပိုင်းအခမ်းအနားပင်ပြီးခါနီးလေပြီ။Ravi တို့က​တော့​နောက်ဆုံးနှစ်မို့အတန်းချိန်ရှိ​လေ​သော​ကြောင့်လာလို့မရပြီ။ချန်း​ယောလ်မိဘများကအခမ်းအနားတွင်မို့သူ့အစ်မနှင့်သူ့ချစ်သူသာ အပြင်မှာ​စောင့်​နေရ၏။ဆူဟိုတို့​ရောက်လာ​သောအခါဝမ်းသာအားရလာကြို၏။

ချစ်လား(completed)Where stories live. Discover now