ဆူဟိုရေခဲသေတ္တာကိုတတ်နိုင်သမျှမှီပြီးရပ်နေခဲ့၏။
ဗြောင်းဆန်နေသောရင်ခုန်သံကိုခဏတာမေ့ထားချင်မိပါ၏။Kaiကကိုယ်ထက်ငယ်သူမို့ သွေးဆူလွယ်ရင်တောင် ကိုယ်ကမကြာခင်29ပြည့်တော့မည့်လူပင်ဖြစ်လေသည်။အကြီးပီပီ ကိုယ်ထက်ငယ်သူကို လမ်းမှားမရောက်အောင်တားရမည့်တာဝန်ရှိလေသည်။ ဘာကြောင့်သူကိုနမ်းဖို့ခွင့်ပြုမိပါသနည်း။သူကိုပြန်လည်သဘောကျနေမိပြီလားဟုအကြိမ်ကြိမ်မေးနေမိသည်။ဒီကြားထဲအလုပ်တွေထဲစိတ်နှစ်ထားမိလို့ စိတ်တွေကဖောက်ပြန်သွားလေသလား။သွေးလေချောက်ခြားမှုကြောင့်အနမ်းတွေထဲစီးမျှောမိနေခဲ့လေသည်လား ဒါမှမဟုတ်သူဦးနှောက်တွေကကောင်းစွာအလုပ် မလုပ်တော့ပြီလား။စိတ်ထဲမှာအတွေးပေါင်းစုံကြောင့် ရှုပ်ထွေးနေသော်လည်း ပကတိတည်ငြိမ်စွာ ငြိမ်သက်နေမိ၏။
"ကျေနပ်ပြီလား"
ဟူသောစကားသံထွက်လာပြီးနောက် ရေခဲသေတ္တာကိုမှီကာ ငိုင်ကျသွားသောအစ်ကိုကြောင့်Kaiစိတ်ထဲအပြစ်ရှိသလိုခံစားရသည်။
တကယ်တော့ လူပျိုတစ်ယောက်က တခြားလူပျိုယောကျ်ားလေးကိုနမ်းမိတာလေးပါ ဘာလို့အစ်ကိုကငြိမ်ကျသွားရတာလဲဟုတွေးနေမိသည်။တကယ်ဆိုဒါကKaiရဲ့First kissဖြစ်သည်။Kaiရည်းစားတွေထားခဲ့ဖူးပါသည်။တက္ကသိုလ်Kingမို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်းဖြစ်သည်။
Chanyeolရဲ့လက်ချာတွေနဲ့အတူကြီးပြင်းခဲ့တာမို့ ရည်းစားဟောင်းတွေကိုလက်ကိုင်ရုံ၊ဖက်ရုံအပြင် မထိတွေ့ခဲ့ပေ။အစ်ကိုနဲ့ကျမှ နမ်းမိသည့်အထိဖြစ်ခဲ့ရတာဖြစ်သည်။အစ်ကိုကို
အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ရသူမို့ အစ်ကိုအတွေးများနေမှန်းသိလိုက်မိပါသည်။မကြာခင်အစ်ကိုရဲ့စကားတွေကကြမ်းတမ်းစွာရောက်လာတော့မည်ထင်မိသည်။
ခါးဆီရောက်လာတဲ့လက်အထိအတွေ့ကြောင့် ဆူဟိုအသိစိတ်ပြန်ဝင်လာရသည်။Kaiကဆူဟိုကိုခါးကနေပြန်ဆွဲဖက်ကာတင်းတင်းကြပ်ကြပ်ပြန်လည်ဖက်ထား၏။ဆူဟိုKaiကိုပြန်လည်ဖက်ထားမိပါ၏။
YOU ARE READING
ချစ်လား(completed)
Romansaကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ