ချန်းယောလ် zoom meetingပြီး၍
စီမံကိန်း အိမ်ရာဆောက်လုပ်ရေးဆီ သွားစစ်မလို့ပြင်နေချိန်တွင် ဘဲလ်သံကမြည်လာ၏။ long coatအညိုရောင်ကိုအမြန်ဝတ်လိုက်ပြီး အိမ်ရှေ့ဆီထွက်လာခဲ့ရ၏။
တံခါးဖွင့်လိုက်ချိန်မှာတော့ စမတ်ကျကျ ဖုန်းကိုငုံ့ကြည့်နေတဲ့ ကျန်းရီရှင်းကိုမြင်လိုက်ရ၏။
ရီရှင်း ချန်းယောလ်ကိုပြုံးပြလိုက်ပြီး အိမ်ထဲဝင်လာလိုက်၏။ချန်းယောလ်အနောက်ကနေသာပြန်လိုက်လာခဲ့၏။ရီရှင်း ချွတ်ထားသောmaskကိုအမှိုက်ပုံးထဲထည့်လိုက်ပြီး ဆောင်းထားသောဦးထုပ်ကိုဆွဲချွတ်လိုက်သည်။နဖူးပေါ်ဝေ့ကျလာသောဆံစတွေကို သပ်တင်လိုက်ကာ ချန်းယောလ်ကိုကြည့်လိုက်၏။
"ကော hunnieက ကုမ္ပဏီမှာလေ ကျွန်တော်ပဲအိမ်မှာရှိတာ Kaiလည်း အလုပ်တွေလက်စဖြတ်နေတာမို့ ကုမ္ပဏီမှာပဲ "
ချန်းယောလ်ရီရှင်းရှေ့ထိုင်ရင်းပြောလိုက်သည်။
"အင်း babyရုံးမှာ ဆိုတာသိတယ်
အခုကချန်းလေးဆီပဲ အစ်ကိုသီးသန့်လာတာ
Dyoက မင်းလက်အခြေအနေနဲ့ မင်းနေကောင်းလား လာကြည့်ခိုင်းထားလို့ "ရှင်းကောစကားကြောင့် ချန်းယောလ်ခေါင်းညိတ်ကာလက်ကဒဏ်ရာနေရာပင်ပြပေးလိုက်၏။
"ပျောက်သွားပါပြီ ဒီမှာကြည့် အမာရွတ်တောင်မကျန်ခဲ့ဘူး တွေ့လားကော kyungနဲ့က အခုတလောနှစ်ယောက်လုံးအလုပ်တွေရှုပ်နေတော့ သေချာစကားပြောဖို့ အချိန်မရလို့ပါ "
ရီရှင်းနားလည်ပါသည်။တကယ်လည်းသူနဲ့ ဆယ်ဟွန်းကလည်း ဒီလိုrelationshipမျိုးဖြစ်နေပေသည်။များပြားလှသော အလုပ်အချိန်စာရင်းတွေအပြင် ကုမ္ပဏီအလုပ်ကိုပါစီမံခန့်ခွဲနေရသေးသည်။ကုမ္ပဏီက အနုပညာရှင်တွေအတွက်ပါ ကွပ်ကဲပေးရသေးသည်။ ဆယ်ဟွန်းဆိုရင်လည်း သူအလုပ်နဲ့သူရှုပ်နေသည့်အပြင် တစ်ခါတစ်လေ ထမင်းစားဖို့ပါမေ့နေတတ်သည်မို့ ရီရှင်းကသာအမြဲသတိပေးရ၏။dateလုပ်မည်ဆုံးဖြတ်လိုက်လျင် အရင်ဆုံးစကားများရသည်မှာ ရက်ရွေးရသည့်ကိစ္စပင်ဖြစ်သည်။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ