ဒီအပိုင်းလေးကိုမဖတ်ခင်ep20/21တို့ကိုပြန်လည်ဖတ်ဖို့အကြံပြုပါတယ် ဗျ
ပြီးရင်တော့ep46ကိုပြန်ဖတ်လို့ရပါပြီ။ချန်းယောလ်နဲ့Taoတို့ဘုရားဝတ်ပြုနေစဥ် ကျန်လူများက ဘုရားပရဝုဏ်အတွင်း လည်ပတ်ကြည့်ရှုနေကြ၏။
ဂျောင်ဆူး ဆာကူရာတွေဝေဆာနေသော ဘုရားကျောင်းဝန်းကျင်ကိုကြည့်မိလိုက်၏။များပြားလှသော ဘုရားဖူးများနှင့်စည်းကားနေ၏။ဂျပန်ရိုးရာဝတ်စုံများနှင့် လာရောက်ဖူးမြော်သူများလည်းရှိပြီး အလည်အပတ်လာရောက်သူကမ္ဘာလှည့်ခရီးသွားများအားလည်း တွေ့ရှိရ၏။
ကုန်းမြင့်ပေါ်တွင် ကြီးမားသပ္ပါယ်သော ကမာကုရဘုရားကထင်းရှားစွာတည်ရှိနေ၏။
ဆုတောင်းပြည့်သည်အပြင်တန်ခိုးကြီးသည်ဟုလည်း
ထင်ရှား၏။လေတဖြူးဖြူးတိုက်ခတ်နေမှုကြောင့် ဆံစတွေပင် တစ်ချက်တစ်ချက်လွင့်သွားမိ၏။
ရှုခင်းတွေကြည့်နေသော ဂျောင်ဆူးမှာ မိမိရှေ့ရောက်လာသောသူကြောင့်ပြုံးမိလိုက်၏။"ဘုရားရှိခိုးပြီးပြီပေါ့ လူတွေအများကြီးပဲနော် နေရတာ ငြိမ်းချမ်းလိုက်တာ သူများတွေပုံတွေရိုက်နေကြတာမနည်းဘူး။ကိုယ်တို့လည်းအမှတ်တရ ဓါတ်ပုံရိုက်သင့်တယ် "
ဂျောင်ဆူးစကားကြောင့် ချန်းယောလ် ခေါင်းညိတ်မိလိုက်၏။
"အစ်ကို ကို ကျွန်တော်ပြောစရာရှိတယ် ကျွန်တော်အစ်ကိုကိုဒီစာလေးပေးချင်လို့ "
ဂျက်ကပ်ထဲက စာအိတ်လေးကိုထုတ်ပေးလာသူကြောင့် ဂျောင်ဆူး ယူကာ ကြည့်မိလိုက်၏။
"ရည်းစားစာလား ဘယ်လိုလုပ်မလဲကိုယ်က ဒီစာထက် မင်းနှလုံးသားထဲကစာကိုဖတ်ချင်တာ "
ဂျောင်ဆူးစကားကြောင့် ချန်းယောလ် သဘောတကျရယ်မိ၏။
အဝေးကဆာကူရာပန်းတွေလှမ်းကြည့်ရင်း ဂျောင်ဆူးကိုပြောမိလိုက်၏။"နှလုံးသားထဲကစာမို့ ဖတ်စေချင်တယ် အခုကဘုရားနယ်မြေမှာမို့ ကျွန်တော်တို့ လွန်ကြူးတဲ့စကားတွေမပြောအပ်ဘူးပေါက်ကရတွေလည်းမပြောသင့်ဘူး။ဒီကိုခေါ်လာတာ အကြောင်းရှိတယ် ။အစ်ကို"
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ