ဖန်သားပြင်ထက်ကပုံရိပ်လေးကို တစိမ့်စိမ့်ကြည့်နေရင်းKai koreaမြေကိုလွမ်းနေရသည်။အခုအခြေအနေအရဆိုရင် ကုမ္ပဏီကိစ္စလိုင်စင်သတ်မှတ်ချက်တွေပြုလုပ်ရမည့်ကိစ္စတွေများပြားလှသဖြင့် အချစ်ရှိရာဆီကူးလူးမသွားနိုင်တော့ပေ။အရင်လိုတီတီတာတာချွဲနွဲ့ဖို့ဆိုတာလည်း ဖုန်းဆက်ဖို့ပင်အချိန်မရလောက်အောင်သူကလည်းသိမ်းကြုံးကာအလုပ်ပဲလုပ်နေလေသည်။"KAI CEOကညနေညစာစားပွဲမင်းကိုခေါ်သွားမှာတဲ့အသင့်ပြင်ထားနှင့် ငါဆိုင်ကိုဘိုကင်လုပ်ထားပြီးသား မင်းသွားလိုက်ရုံပဲ
ဝတ်စုံသေချာရွေးခဲ့ အထက်လူကြီးတွေလည်းပါမှာ"အထွေထွေအတွင်းရေးမှူးချုပ်ကစကားအမှာလာပါးကာချက်ချင်းပင်
ထွက်သွားရလေသည်။အကြောင်းမှာCEOရောက်ရှိနေသောကြောင့်ဖြစ်သည်။သူထွက်သွားပြီးမကြာခင်တံခါးကပြန်ဖွင့်လာသည်။Kaiတစ်ချက်လှမ်းကြည့်လိုက်ပြီးထိုင်ခုံမှထကာဆိုဖာဆီဝင်ထိုင်လိုက်ရတော့သည်။ထိုသူကထိပ်ဆုံးခုံတွင်ထိုင်ပြီးmacbookကစာရင်းတစ်ချို့ကိုပြလာ၏။ရှယ်ယာစျေးအတတ်အကျမျဥ်းကြောင်းတွေကKaiကိုစိတ်ဝင်စားသွားစေသည်။ရှင်းပြသမျှကိုနားထောင်ပြီးချိန်မှာKaiခေါင်းပင်ချာချာလည်နေသလိုခံစားလိုက်ရသည်။
"ကော မနောက်ပါနဲ့ အဲ့လောက်မြန်နေရအောင်အာကာသထဲလွှတ်တင်မယ့်ဒုံးပျံယာဥ်လား ဒါပေမဲ့ ကောအကူအညီကိုတကယ်လိုအပ်တာ"
KAIစကားကိုကြားတော့ထိုသူကဟက်ဟက်ပက်ပက်ရယ်လာ၏။
"Koreaကိုမင်းကိုလွှတ်တာကလေ ကိုကိုဆီကအကြံဥာဏ်ယူဖို့မင်းကSuHo hyungဆီပဲသွားငမ်းနေတာကို ပြောပါဦးJMကဒီဖက်စပ်ပရောဂျက်မှာဘာတွေအကြံပြုတင်သွင်းလိုက်သလဲ"
ထောင်းကောက ပရောဂျက်ဖိုင်ပါသေချာကြည့်နေရင်းမေးလာသည်။Kaiလည်ဂုတ်ကိုလက်နဲ့ပွတ်သပ်လိုက်ပြီးအရှက်ပြေရယ်လိုက်သည်။နောက်မှပြုစုထားသောအစီရင်ခံစာကိုပေးလိုက်၏။အဆောက်အဦး၏ပုံစံအကြမ်းကိုပါထုတ်ပေးလိုက်သည်။ထောင်းကောကသေချာစစ်ကာခေါင်းတညိတ်ညိတ်လုပ်လာသည်။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ