လေအလာမှာယိမ်းနွဲ့နေသော lavenderပန်းပွင့်များကို ဆူဟိုငြိမ်သက်စွာငေးကြည့်မိနေ၏။ရောက်ရှိနေသော lavenderပန်းခင်းကျယ်ကြီးကြားထဲမှာ အထီးကျန်စွာ တိတ်ဆိတ်နေမိ၏။ခရမ်းရောင် လာဗင်ဒါပန်းများကတော့ လေ့ညှင်းအလာမှာ ယိမ်းနွဲ့နေလေ၏။ပန်းခင်းရဲ့မွှေးရနံ့က ကြိုင်လှိုင်နေ၏။
ဒီပန်းရဲ့ရနံ့ကစူးရှလွန်းတော့ မကြိုက်သူတစ်ချို့ဆိုမူးဝေပြီး အော့အန်သည့် ဓါတ်မတည့်တာမျိုးဖြစ်တတ်သည်ဟူသော စာသားတစ်ချို့ကို ဆူဟိုပြန်လည် သတိရမိလိုက်၏။
မွှေးပျံ့သော ပန်း ရနံ့တစ်ချို့ကိုဆူဟိုရှုသွင်း လိုက်
မိ၏။
နောက်ကျိနေသော စိတ်များပင် ကြည်လင်သွားသလိုခံစားလိုက်ရသည်။ပန်းခင်းကြီးထဲလျှောက်လှမ်းရင်း လက်များက lavenderပန်းများကိုဆက်တိုက်ထိတွေ့သွားခဲ့သည်။ဆူဟိုကောင်းကင် ကြီးကို မော့ကြည့်မိလိုက်ချိန်မှာတော့ အပြာရောင် ကောင်းကင်ကြီးကိုတွေ့လိုက်ရသည်။ဒီနေ့ တိမ်များကင်းစင်ကာ အပြာကောင်းကင်တစ်ခွင်ကြည်လင်နေ၏။ခရမ်းရောင် lavenderပန်းခင်းကြီးက ရှုမျှော်မဆုံးနိုင်အောင်ရှိနေသည်မို့ အပြာရောင်မိုးကုပ်စက်ဝိုင်းကြီးနှင့်တောင် ထိစပ်နေသယောင်ထင်မှတ်ရလေသည်။
Lavenderပန်းခင်းကြီးထဲလာရောက်လည်ပတ်သူများရှိနေသော်လည်း ဆူဟို တစ်ယောက်တည်းလို့ပင်ခံစားနေရ၏။ဘယ်သူတွေဘာတွေပြောပြော ဆူဟို သတိပင်မထားမိပေ။ကောင်မလေးများကိုပင် ငေးမကြည့်မိပေ။lavenderပန်း
ရဲ့အဓိပ္ပါယ်က သန့်စင်ခြင်း၊ ဆိတ်ငြိမ်ခြင်း၊
စွဲလမ်းခြင်း၊ ကျက်သရေရှိခြင်း တို့ကဖော်ဆောင်လေသည်။"ဟေး တစ်ယောက်တည်းလား၊ဒီလောက်လှတဲ့ ပန်းခင်းကြီးထဲမှာ တစ်ယောက်တည်းကတော့မမိုက်ဘူးလေကွာ "
ကြားနေရသောစကားများကြောင့် ဆူဟိုပြန်လှည့်ကြည့်မိ၏။ရွှေဝါရောင် တစ်ခေါင်းလုံးဆိုးထားပြီး မီနီစကတ်အတို လေးနဲ့ ညနေဆည်းဆာချိန်မှာထိုမိန်းကလေးဟာ sexyကျကျ ဆွဲဆောင်မှုရှိနေပါ၏။
ဆူဟိုရဲ့စူးရဲတဲ့အကြည့်တွေကြောင့်ထိုကောင်မလေးကထရယ်၏။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ