D.O.အခန်းထဲပြန်ရောက်သည်နှင့်ဧည့်ခန်းတွင်ဆုံနေသော သူငယ်ချင်းတွေကြောင့်အံသြသွားရသည်။Maskကိုအမှိုက်ပုံးထဲ
ထည့်လိုက်ပြီး ဦးထုပ်ကိုချွတ်ကာ အပေါ်ကအနွေးထည်ကိုချွတ်လိုက်ပြီးအဝတ်ခြင်းထဲသို့ထည့်လိုက်သည်။လက်ဆေးပြီးတာနှင့်ရေတစ်ခွက်ကောက်ထည့်ကာ လူစုံနေသော ဧည့်ခန်းထဲသို့ထွက်လာခဲ့လိုက်တော့သည်။"ဘယ်သွားနေခဲ့တာလဲ ငါတို့မင်းဖုန်းကိုဆက်မရလို့စိတ်ပူနေခဲ့တာ မန်နေဂျာပါမသိ ဘယ်သူမှမသိထွက်သွားတော့အကုန်စိုးရိမ်နေခဲ့တာလေ ငါအသံသွင်းရင်းတန်းလန်းမင်းကိုလိုက်ရှာနေခဲ့တာနေရာစုံကိုစတူဒီယိုကို ပစ်ထားခဲ့ပြီး ရှာနေခဲ့တာလို့"
baekhyunရဲ့အသံကစိတ်တိုလာသည်မို့ဟိန်းထွက်နေခဲ့သည်။ဒါပေမဲ့မျက်ဝန်းတို့ကတော့Kyungsooကိုမြင်မှ အပူကျသွားသည်နှယ် စိုးရိမ်နေမှုအတိုင်းအဆကို မြင်နေရပေသည်။
D.O.သူငယ်ချင်းတွေရဲ့စိုးရိမ်နေတဲ့မျက်ဝန်းတွေကိုမြင်မှ ဖုန်းစက်ပိတ်ထားတာကိုသတိရမိလိုက်သည်။ BaekhyunဆိုအမြဲD.O.ကိုစနောက်နေကျ ဒေါသထွက်ဖို့ဝေးလာဝေး အမြဲရယ်ကျဲကျဲစနေကျဖြစ်သည်။
အခုကတကယ်ကို စိတ်ပူပြီးဒေါသထွက်နေတာဖြစ်လေသည်။D.O.ရေကိုမော့သောက်လိုက်ပြီးလက်ပိုက်ပြီးဆိုဖာပေါ်မှာတရှူးရှူးဒေါသထွက်နေသော Baekhyunကိုအရင်ရှင်းပြဖို့ပြင်လိုက်သည်။Chenကလည်းD.O.ကိုစိုက်ကြည့်ပြီးဘာပြောလာမလဲစောင့်နေသည့်ပုံစံပင်။
"ငါ ရုပ်ရှင်အသစ်လက်မခံတော့ဘူး ငါတို့CBလဲရှိတဲ့အပြင် မကြာခင်ငါရဲ့solo ပြီးတော့မင်းနဲ့ Chenရဲ့subunit ကလဲ ထွက်မှာလေ အခုအဲ့ဇာတ်လမ်းကကောင်းပေမဲ့ ငါအဖဲွ့ဝင်တွေလောက်အရေးမကြီးဘူးလေ ပြီးတော့Xing geကလဲမကြာခင်ပြန်လာတော့မှာ ငါတို့အဖဲွ့ဝင် အားလုံးမဆုံဖြစ်တာကြာပြီလေ စိတ်ပြေအောင်ခဏလောက် တိတ်ဆိတ်တဲ့နေရာဆီ သွားခဲ့တာပါ "
D.O.ကရေခွက်ကိုစားပဲွပေါ်တင်လိုက်ပြီး ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။Baekhyun စပါကလင်မော့သောက်လိုက်ပြီ စာအိတ်တစ်ခုကို စားပဲွပေါ်ပစ်တင်လိုက်ပေသည်။
YOU ARE READING
ချစ်လား(completed)
Romanceကျွန်တော်ဆိုတာကလေ အချစ်ဆိုတာကိုဘာမှန်းမသိခင်ကတည်းက ခင်ဗျားကိုချစ်ခဲ့တဲ့သူပါဗျ idolနဲ့fanဆိုတာကြီးကကျွန်တော်လဲအသိခင်ဗျားလဲအသိ ကျွန်တော်ကို မချစ်ရင်တောင် မလှည့်စားသင့်ဘူးလေ