Episode - 8

9K 549 11
                                    

နေပူပူ လမ်းမပေါ်တွင် နှစ်ယောက်သား လျှောက်နေရင်း မှတ်တိုင်များလည်း ကျော်လာသည်။ ခွန်းမှာ တစ်ခုခုတွေးနေပုံရကာ မှတ်တိုင်ကျော်နေသည်ကိုပင် သတိမထားမိပေ။သည်အတိုင်း လမ်းလျှောက်ချင်၍လည်း ဖြစ်နိုင်သည်။

တိမ်တိုက်မှာလည်း ခွန်းကိုကြည့်ကာ ​ဘေးမှ ငြိမ်ငြိမ်လေးသာ လိုက်နေခဲ့သည်။

အတော်လေးကြာသွားချိန်မှ ခွန်းလမ်းလျှောက်နေရင်း တိမ်တိုက်ကို သတိရသွားကာ

'' တိမ်တိုက် ဗိုက်ဆာနေပြီလား ''

'' သိပ်မဆာသေးပါဘူး အိမ်မှာစားလာသေးတယ် ''

အမှန်တော့ တိမ်တိုက် မနက်ကတည်းက ဘာမှ မစားရသေးပါ။ အိပ်ရာနိုးကတည်းက ပြာယာခတ်နေ၍ မနက်စာပင် စားဖို့မေ့လာခဲ့သည်။

ဟိုအိမ်မှ ပြန်ထွက်လာသည့်တိုင် ခွန်းမှာ ငြိမ်လှသည်။ မျက်စိရှေ့တွင် ကြုံခဲ့ရသည့် ကိစ္စအရပ်ရပ်အတွက် တိမ်တိုက်တွင် မေးခွန်းများစွာရှိသည်။ ခွန်းတို့ မိသားစုအကြောင်း ဂဃနဏ မသိသော်လည်း မေးဖို့ စိတ်ကူးမရှိ။ ခွန်းပြောချင်လာမှ ပြောပါစေ။

................

မင်းအမေနဲ့ တစ်ပုံစံတည်း ဟူသော စကားသာ ခွန်းနားထဲ အဖန်တရာ ထပ်ထပ် ကြားနေသည်။ မောင်နှမသုံးယောက်ထဲတွင် သူသာ အဖေနဲ့ရော အမေနဲ့ပါ နှစ်ယောက်လုံးနှင့် အတူဆုံးဖြစ်သည်။ အသားအရည် ညိုမောင်း၍ ထွားကြိုင်းသော အဖေ့အရပ်နှင့် စူးရှထက်မြက်သော အမေ့ မျက်လုံးများ ခွန်းတွင် ပိုင်ဆိုင်ထားပြီး နှစ်ယောက်လုံး၏ သွေးအပြည့်ပါသည်။ ထို့ကြောင့်လည်း ခွန်းမှာ မိဘများနည်းတူ ခေါင်းမာကာ မာနကြီးသူ ​တစ်ယောက်လည်း ဖြစ်သည်။

အကြီးဆုံးဖြစ်သော ခွန်းသက်ဦး မှာ ရုပ်ရည်အရ မေမေနှင့်တူပြီး ခွန်းခငယ်လေးမှာ ဖေဖေနှင့် တူသည်။ ခွန်းကတော့ နှစ်ယောက်လုံးနဲ့ တူကာ အတွင်းစိတ်ဓာတ်များပင် အမွေရထားသည်။

နို့စို့အရွယ်ကတည်းကပင် ခွန်းခေါင်းမာသည်ကို မည်သူမှ မနိုင်။ အသန့်အပြန့်ကလည်းအလွန်ကြိုက်ကာ ထမင်းဝါးကျွေးလျှင်တောင် မစား။ထမင်း ကြိတ်၍ ကျွေးရသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now