တစ်ကိုယ်လုံး နာကျင်စွာ နိုးလာခဲ့သည့် မနက်ခင်းတစ်ခု.....
ဘေးကို စမ်းကြည့်တော့ အိစက်နေသော အသားစိုင်လေးကို ထိတွေ့မိသည်။ မဖွင့်ချင်သော မျက်လုံးလေးကို အသာ ဖွင့်ကြည့်တော့ အညိုရောင် ပါးဖောင်းဖောင်းလေး တွေနဲ့ ဆည်းဆာမောင်က သူ့ဘေးမှာ မှောက်လျက်လေးအိပ်ပျော်နေသည်။ခြေထောက်သေးသေးလေးတစ်ဖက်က ဗိုက်ပေါ်ရောက်နေ၍ အသာဖယ်ချလိုက်တော့ အီကနဲ တစ်ချက် ညည်းကာ တစ်ဖက်ကိုလှိမ့်သွားသည်။ နာရီကိုလှမ်းကြည့်လိုက်တော့ အချိန်ကား မနက် ၉နာရီ။ ခွန်းအတွက် ထမင်းချိူုင့် နောက်ကျနေပြီဟုထင်ကာ ကုန်းရုန်းထတော့ ကိုင်ရိုက်ထားသလို အောက်ပိုင်းတစ်နေရာက တဆစ်ဆစ် နာလာသည်။
သည်လိုဆိုမှ ညက ကုတင်ပေါ် ဘယ်လိုပြန်ရောက်လာလဲ ဆိုတာ တောင်မမှတ်မိတော့။ တစ်ညလုံးနီးပါး ဝရံတာမှာသာ ကုန်ဆုံးပြီး...ရေချိူးခန်းထဲ တွင် ခွန်းက သန့်စင်ပေးနေသည်အထိသာ မှတ်မိသည်။
အိပ်ယာကို တံတောင်ဖြင့် လက်နောက်ပြန်ထောက်ထားပြီး စဥ်းစားနေတုန်း အခန်းတံခါးက ဂျောက်ကနဲ ပွင့်လာသည်။
ဆန်ပြုတ်လေး နှစ်ပန်းကန်နှင့် ကော်ဖီခွက်ဟုထင်ရသော ခွက်သုံးခွက်တင်ထားသော ဗန်းကိုကိုင်ရင်း ခွန်း ဝင်လာသည်။
ဝရံတာနားက စားပွဲပေါ်မှာ ခွန်းချလိုက်ပြီး တိမ်တိုက်နားဆီ ဖွဖွလေး ကပ်လာသည်။
'' ဘယ်လိုနေသေးလဲ ''
တိမ်တိုက် နဖူးလေးကိုစမ်းရင်း ခွန်း တိုးတိုးလေးမေးသည်။ ခွန်းစမ်းကြည့်မှ တိမ်တိုက် သူကိုယ်သူဖျားနေတာမှန်းသိသည်။ ဖျားလည်းဖျားချင်စရာပင်...လေတွေတဖြူးဖြူးတိုက်နေသော ဝရံတာမှာ အောက်ပိုင်း ဘာမှ မပါပဲ အကြာကြီး နေခဲ့ရသည်မလား။
'' ကျောင်းမသွားဘူးလား ''
တိမ်တိုက်ကလည်း အသံထွက်ရုံလေ း ပါးစပ်လှုပ်ကာမေးတော့....
'' မင်း ဖျားနေတယ် ''
အုန်းမုက်ခွက်ခေါင်းလေးပေါ် လက်တင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
ခွန်းက အခုချိန်ထိ တိမ်တိုက်နေမကောင်းလျှင် ဘာကိစ္စရှိရှိ ဘယ်လောက်အရေးကြီးကြီး ကျောင်းသွားလေ့မရှိ။
![](https://img.wattpad.com/cover/301312152-288-k430821.jpg)
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022