အပြာရောင် ကောင်းကင်ကြီး အုပ်မိုးထားသော အဝါရောင် ကျူးလစ်ပန်းခင်းကြီးထဲမှာ ဂါဝန်အဖြူလေးဝတ်ထားသော လူတစ်ယောက်....
မိန်းမပျိူလေးဟုပြောရလောက်အောင်လည်း တိုလျသော ဆံနွယ်တွေနှင့် အမို့အမောက်ကင်းသော ရင်ဘတ်တစ်စုံ က အဖြူရောင် ဂါဝန်လှလှလေးနှင့် သိပ်တော့မအပ်စပ်လှသော်လည်း ကြည့်ကောင်းလွန်းလှသည် ။ လှပကော့ညွတ်သော မျက်တောင်စတို့ ခြံရံထားတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးကလည်း တောက်ပနေကာ ပန်းဆီရောင်နှုတ်ခမ်းသားတို့က အထက်သို့ ကွေးတက်ကာ သူမအား ပြုံးပြနေသည်။'' ကောင်းကင် ''
အိပ်နေရင်း ဒေါ်ယုယမြိုင် နှုတ်ခမ်းပါးဆီမှ ယောင်ယမ်း တမ်းတစွာ ပေါ်ထွက်လာသည်။
သူမခေါ်လိုက်တော့ ပြုံးနေသည့် ကောင်းကင်ဟာ ချက်ချင်း ဆိုသလို ညှိုးမဲ့သွားပြီး ကြည်လင်နေသော အပြာရောင်ကောင်ကင်းဟာလည်း ချက်ချင်း မဲမှောင်ကာ မိုးသားတို့ဖြင့် ပြည့်နှက်သွားသည်။
သူမ ရှေ့တစ်လှမ်းတိုးလိုက်တော့ ကောင်းကင်က နောက်တစ်လှမ်းဆုတ်သွားသည်။ သည်လိုနဲ့ ကောင်းကင်က သူမဆီကနေ တဖြည်းဖြည်းဝေးရာကို ရောက်သွားလေတော့...
'' ကောင်းကင်! ကောင်းကင်! အား........''
မျက်ရည်တွေနှင့် ကယောင်ကတမ်းအော်ကာ ဒေါ်ယုယမြိုင် တစ်ယောက် အိမ်မက်မှ လန့်နိုးခဲ့တော့သည်။ အချိန်ကား...ည တစ်နာရီဖြစ်နေလေပြီ။ အကြောင်းအရင်းမရှိစွာ စီးကျနေသည့်မျက်ရည်တို့ကြောင့် ရင်ဘတ်တစ်နေရာမှာ စူးကနဲ။
အဲ့သည့်နေ့က လူတွေအများကြီး ဖိတ်ထားသည့်အကြောင်း ကောင်းကင်ကိုသာ
ပြောပြလိုက်ခဲ့မိရင် သူဒီလို အရှက်ခွဲခံရမှာ မဟုတ်သလို အဆုံးသတ်ကလည်း သည်လောက် နာကျင်ကြရမည်မဟုတ်။ အဖြစ်အပျက်အားလုံးရဲ့ တရားခံဟာ သူမ ကဲ့သို့ ခံစားနေရသည်မှာ ယခုအချိန်ထိပင်။စီးနေသည့် မျက်ရည်စီးကြောင်းကို ဖယ်သုတ်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ တိမ်တိုက် အခန်းရှိရာသို့ ထွက်လာခဲ့သည်။ နေ့ဘက်တွေ အိပ်သည့်တိုင် ညဘက်ရောက်လျှင်လည်း ဒီကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြန်သည်။ တိမ်တိုက်ဟာ အသက်၂၀ပြည့်ပြီးနောက်ပိုင်းမှ ပို အအိပ်မက်လာသည်ဟုတောင်ထင်ရသည်။
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022