ပြေးထွက်သွားသော ကျောပြင်လေးကို ကြည့်နေရင်း မြပိုးပန်ချီဆီမှ ဖုန်းဝင်လာသည်။ ဇွဲရှိရှိ ပြန်လိုက်ထားသောကြောင့် အခြေအနေပြန်ကောင်းလာသော ရှန်မင်း တို့ relationship ။
'' ဟယ်လို မ နိုးနေပြီလား ''
'' အင်း နိုးပြီ မောင်ရော အခုဘာလုပ်နေလဲ ''
'' မောင်အခု ဒဂုံမှာ သူငယ်ချင်းတစ်ယောက် ကို ကျောင်းလိုက်ပို့ပေးနေတာ။
ဒါနဲ့ မ မနက်စာရော စားပြီးပြီလား '''' မစားရသေးဘူး မောင်ရဲ့ မေမေခိုင်းလို့ မြောက်ဒဂုံထဲ ခနရောက်နေတာ မောင်ရော ''
'' မောင်လည်း မစားရသေးဘူး ဒီလိုလုပ်မလား ဟိုတစ်ခါတွေ့တဲ့ ကော်ဖီဆိုင်မှာ မနက်စာ သွားစားကြမယ်လေ ဟိုတစ်ခေါက်က ကောင်လေးနဲ့လည်း မ ကို မိတ်ဆက်ပေးမယ်။ ''
နင်အိမ်မှာ မြိုလာတဲ့ထမင်းကြော်တွေက ဘာတုန်း ရှန်မင်းခက်။
'' မောင့်သဘောပဲ ဒါမဲ့ မ နည်းနည်းနောက်ကျမယ် ထင်တယ် ''
'' နောက်ကျတာများ အရေးလား မ ရယ် သံသရာဆုံးထိ ဆိုလည်း မောင်ကစောင့်မှာပါ နောက်ဆုံး မောင့်ဆီ မ ရောက်လာရင် ရပြီ ''
'' ဟုတ်ပါပြီ မ့ရဲ့အတတ်ကလေးရယ် See u နော် ''
'' See ya ma mwah ''
ဒဂုံ ဝင်းထဲမှ ပြန်ထွက်လာပြီး ကော်ဖီဆိုင်သို့ ဦးတည် မောင်းနင်းလိုက်သည်။
ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံးလူသားဆိုရင် သူပဲဖြစ်ပါလိမ့်မယ်။ လှရင်လည်း ချစ်တယ်။ ချောရင်လည်း ချစ်တယ်။ တော်ရင်လည်း ချစ်တယ် ။ ထက်မြက်ရင်လည်း ချစ်တယ်။ ဘာမှ မတတ်တဲ့ ခပ်တုံးတုံး အသည်းယားစရာလေးဆိုရင်လည်း သူက ချစ်လိုက်ပြန်ရော။
တစ်ခါတလေ တပြိုင်တည်း လည်း နှစ်ယောက်ကို ချစ်ချင်ချစ်သည်။ အင်မတန် အချစ်ပေါများသော အမျိူးသားလေးပါ။
သူကသဘောကျရင်လည်း တွဲလိုက်ပြီး သူ့ကိုလာသဘောကျရင်လည်း တွဲလိုက်ပြန်ရော။ ငြီးငွေ့ သွားရင်လည်း ဖြတ်ပလိုက်ပြန်ရော။
ပွေလွန်းရှုပ်လွန်းတတ်သူ ဖြစ်သော်လည်း ရုပ်ခံလေးကြောင့် လူကြိုက်များလှသည်။ ရှန်မင်း Single ဖြစ်နေ သည် ဟူ၍ ကြာကြာ မကြားရ။ တစ်ယောက်နဲ့ လမ်းခွဲ ပြီး နောက်တစ်ယောက်က အော်တို ပေါ်လာတတ်စမြဲ။
ESTÁS LEYENDO
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
De Todoဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022