'' မောင်လိုက်ပို့မယ်လို့ '''' မရဘူး မောင်ရာ တိုက်ခန်းပြန်တော့ ဆရာတစ်ယောက်တည်းလေ ''
မနက်စောစော ကျောင်းသွားဖို့ အင်္ကျီ လဲဖို့ လုပ်နေတုန်း အတင်းလိုက်ပို့မယ်လုပ်နေသော ခွန်းကို တိုက်ခန်းဆီပြန်ဖို့ ပြောနေရသည်။ အခန်းမှာ ဆရာတစ်ယောက်တည်းကျန်ခဲ့တာလေ...။
'' အဲ့တာဆို ကျောင်းမသွားနဲ့တော့... အိမ်မှာပဲနေ ''
'' နေကောင်းနေပါပြီ မောင်ရဲ့..ပြီးတော့ Practical က ပျက်လို့မရဘူးဗျ ''
'' ကိုယ်နွေးနေသေးတယ်လေကွာ ''
'' မောင်ကလည်း မသေနိုင်သေးပါဘူး ''
'' တိမ်တိုက် !! အဲ့လိုမပြောဖို့ မှာထားတယ်လေ ''
'' ဟာဗျာ ...ကိုယ်လေးနွေးတာကို မောင်ကိုက ပိုလွန်းတယ်.... ဒါ ဘယ်သူ့ကြောင့်လဲ... ''
တိမ်တိုက်လည်းပြောပြီးတော့ ခွန်း ငြိမ်သွားသည်။ တိမ်တိုက် လွယ်အိတ်ထဲ စာအုပ်တွေ ထည့်နေရင်း အသံတိတ်သွားသော ခွန်းကြောင့် အနောက်ကိုလှည့်ကြည့်တော့ ကုတင်စောင်းတွင် ထိုင်ကာ ခေါင်းကြီးငုံ့ပြီး မျက်နှာညှိုးနေသည်။
တိမ်တိုက် လွယ်အိတ်ကို ဘေးနားအသာချကာ ခွန်းပေါင်ပေါ် ဘေးတစောင်းဝင်ထိုင်လိုက်ပြီးလက်နှစ်ဖက်ကိုလည်း ခွန်း လည်ပင်းတို့၌ တွဲချိတ်ထားစေသည်။
ဝင်ထိုင် လိုက်သော တိမ်တိုက်ကို ခါးလေးမှ ကိုင်ထားကာ ခွန်းကအသာထိန်းပေးထားသည်။နောက်တော့ တိမ်တိုက်က ခွန်း၏ အညိုရောင် ညာဘက် ပါးတစ်ဖက် တစ်ချက်ဖိနမ်းလိုက်ပြီး
'' ကျောင်းက မသွားလို့မရဘူးမောင်ရဲ့ ခနခနပျက်ရင် အမှတ်လျော့တယ်။ ဒီလိုလုပ်မလား.... တစ်နာရီတစ်ခါ ကျွန်တော်
မက်ဆေ့ချ်ပို့မယ်လေ ဘာမှမဖြစ်စေရဘူး စိတ်ချနော်။ အခု တိုက်ခန်းကို ပြန်ပြီး ဆရာနဲ့နေလိုက်ပါဦး။ ဘာပဲပြောပြော ဆရာက တစ်ခါတလေ လာတာပဲဟာ ။ နော်..... မောင်က လိမ္မာပါတယ် ''''......''
'' နော်..လို့ နော် နော်...''
အမေလး ချွဲနေပုံများ......
BẠN ĐANG ĐỌC
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Ngẫu nhiênဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022