Episode - 58

6.7K 395 24
                                    


'' ဟယ်လို...မောင် ဒီညပြန်လာမှာလားဟင် ''

'' မပြန်လာဖြစ်ဘူး။ ခငယ်လေးနေမကောင်းလို့ ဟိုမှာ သွားအိပ်ပေးရမယ် ''

'' မောင့် ကျွန်တော်လည်း.....တီ...တီ...တီ...''

တိမ်တိုက် ပြော၍တောင်မဆုံးသေး ခွန်းဘက်မှ ဖုန်းချသွားသည်။

'' ကျွန်တော်လည်း နေလို့မကောင်းဘူး မောင် ''

တစ်ယောက်တည်း ရေရွတ်ပြီးတော့ ကုတင်ပေါ်မှောက်ချလိုက်သည်။ ခေါင်းအုံးနှင့်မျက်နှာကို ဖိထားကာ အသံမထွက်အောင် ငိုနေမိတော့သည်။

ဒီနေ့နဲ့ဆို မောင်နဲ့ မတွေ့ရသည်မှာ သုံးရက်တောင်ရှိနေပြီဖြစ်သည်။ မနက်ဖြန်ရောက်ရင်တော့ ရှိသမျှ အလုပ်တွေကိုဖြတ်ချပြီး ခွန်းဆီသွားကိုသွားရလိမ့်မည်။

တိမ်တိုက် အဝတ်အစားမလဲပဲ ဒီတိုင်းသာ အိပ်ပျော်သွားတော့သည်။ အလုပ်မှာ ပင်ပန်းလာရသဖြင့် လူက မထချင်။ ခါတိုင်း ခွန်းရှိလျှင် အဝတ်တွေ လဲပေးသေးသည်။ ယခုတော့ ဒီတို်င်းသာ အိပ်လိုက်ရတော့သည်။

မနက်မိုးလင်းတော့ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲစွာ နိုးထလာသည်။ ဝရံတာတံခါးကိုလည်းမပိတ်မိလိုက်တာမို့ တစ်ကိုယ်လုံးအေးစက်နေကာ အအေးပတ်ချင်နေပြီဖြစ်သည်။ အလုပ်ကိုအရင်သွားပြီး လုပ်စရာရှိသည်များကို အမြန်ဖြတ်ချပြီးမှ ခွန်းဆီလိုက်သွားလို့ရမှာမို့ အအေးပတ်ချင်နေသော ခန္ဓာကိုယ်ကိုရေချိူးလိုက်သေးသည်။

မနက်စာ လုပ်ပေးထားမည့်သူမရှိတာကြောင့် ဘာမှမစားရပဲ အလုပ်ကိုဒီတိုင်းလာခဲ့လိုက်တော့သည်။

............

ခွန်းက တော့ ကိုကု့ိ ရုံးခန်းမှာ သွားအိပ်ပြီး ကျောင်းသားတွေမရောက်မှီ ထရသည်။ ကိုကို့ ရုံးခန်းတွင် ရေချိူးခန်းအိမ်သာပါ တွဲပေးထားသည်မို့ ခွန်းအတွက် အဆင်ပြေသည်။ ဒါကလည်း ရှန်မင်း လက်ချက်ဖြစ်သည်။ ကိုကို့ ကိုရုံးခန်းပေးမည်ဟုသိလိုက်ရပြီးတည်းက တခါတည်း ထည့်ဆောက်ပေးဖို့ အတင်းပြောခဲ့တာပင်။

ခွန်း ရေဝင်ချိူးလိုက်ပြီး ပြန်ထွက်လာကာ အဝတ်တွေလဲ လိုက်သည်။ ထိုစဥ် ကျောင်းသို့ ပထမဆုံးရောက်လာသူက စောမဟာသွေး နှင့်ရှန်မင်းခက်။ ဒီနေ့ သူတို့ဂျူတီကျ၍ဖြစ်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now