သီတင်းကျွတ်လပြည့်နေ့ မနက်.....
မိုးလင်းကတည်းက ဆည်းဆာမောင် တစ်ယောက်....အိမ်အပေါ်ထပ်နှင့်အောက်ထပ်ကို ဆင်းလိုက်တက်လိုက်ဖြင့် တစ်ယောက်တည်း ပြာယာခတ်နေသည်။ လုံးထွက်နေသော ဖင်တုံလေးတွေက လှေကားပေါ်ပြေးတက် ချိန်တွင် အသည်းယားစွာ တုန်တုန်လေးတွေ။
သူ့အတွက်ဟူ၍ ထားပေးထားသော မုန့် ဗီရိုထဲ မွှေလိုက် မီးဖို်ချောင်ထဲ မွှေလိုက်နှင့် တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။ ထို့အပြင် သားအဖတွေ အိပ်ခန်းထဲထိ သူက ဟိုရှာဒီရှာ။
တစ်ယောက်တည်း သူ့ရဲ့ အမည်မသိသော ကိစ္စရပ်ကြောင့် ဧည့်ခန်းထဲတွင် ထိုင်နေသော အဖေတွေကို သူဂရုမစိုက်အား။
'' တိမ်တိုက်....မင်းသားက ဘာတွေလုပ်နေတာလဲ ''
'' ဘယ်သိမလဲ မောင်ရဲ့။ နိုးကတည်းက ဂနာမငြိမ်တာ ''
တိမ်တိုက်က ကြည့်လက်စ ရုပ်ရှင်ကို ဆက်ကြည့်နေပြီး ခွန်းကတော့ စာအုပ်ဖတ်နေရင်းနဲ့မှ ဆည်းဆာ အပေါ်ထပ်မှ ပြန်ဆင်းလာတာကိုစောင့်နေလိုက်သည်။
မောလို့နှင့်တူသည် လှေကားကို ဖြည်းဖြည်းလေး တထစ်ချင်း ဆင်းလာသည်။
'' ဆည်းဆာမောင် ''
'' ဗျာ ''
ခွန်း လှမ်းခေါ်လိုက်တော့ သူ့အာရုံသူဖြစ်နေသော ဆည်းဆာကိုယ်လေးက သိမ့်ခနဲတုန်သွားသည်။
ခွန်းဆီရောက်တော့....
'' ဘာတွေ လုပ်နေလဲသား။ တက်လိုက်ဆင်းလိုက်နဲ့ ဘာတွေရှာနေတာလဲ ''
'' ဘာ...ဘာမှ မဟုတ်ဘူး ဖေဖေ။ ပျင်းလို့ ''
နဖူးစပ်က ချွေးတွေကို ခွန်း သုတ်ပေးနေရင်း....ဘေးမှာ ထိုင်ခိုင်းလိုက်သည်။
တင်း.....တောင်....
တိမ်တိုက် ထပြီး တံခါးသွားဖွင့်လိုက်တော့....
ကောင်လေးနှင့်ကောင်မလေး နှစ်ယောက်..... လက်ထဲတွင်လည်း သစ်သီးခြင်းတစ်ခြင်း...'' ဆရာကြီး ရှိလားခင်ဗျ။ ''
တိမ်တိုက် ခေါင်းငြိမ့်လိုက်ပြီး အထဲဝင်ခိုင်းလိုက်သည်။
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022