အဲ့ဒီနေ့က ခွန်းပြန်သွားပြီးတဲ့နောက် သိပ်မတွေ့ဖြစ်ကြတော့ဘူး။ ပုကြူးလေးတို့ကို စာသင်ပေးနေရင်း အခြားသင်တန်းလေးတစ်ခု တက်နေတယ်လို့တော့ကြားတယ်။ မကြာခင်လည်း ကျောင်းတွေ ပြန်ဖွင့်တော့မှာလေ။တစ်နေ့ ၂ခါ ၃ခါလောက်တော့ဖုန်းပြောဖြစ်ကြတယ်။ ခွန်းက ဆိုရှယ်မီဒီယာ သိပ်မသုံးတတ်သူမို့ လိုင်းပေါ်က စကားမပြောဖြစ်ခဲ့ကြပဲ ရိုးရိုးမက်ဆေ့ချ်ကိုပဲ သုံးတယ်။
စကားပြောရင်လည်း လူကြီးဆန်ဆန်တွေပဲတွေးပြီး ပြောတတ်သေးတာ။ ကိုယ်နဲ့ ၃နှစ်လေးကွာတာကို ၁၀နှစ်လောက်ကွာတဲ့အတိုင်း ဆူ ဆုံးမတတ်သေး။
တစ်ခါတလေ စကားပြောနေရင်းနဲ့ သူတပည့်တွေနဲ့မှားမှားပြီး ခေါ်တတ်တာကလည်းအကျင့်လိုဖြစ်နေသည်။ ဘယ်လောက်တောင် တပည့်တွေကို ချစ်တတ်တဲ့ ဆရာလဲနော်။သူတစ်ခုခုကို အသေအချာရှင်းပြနေပြီးဆိုရင် သူ့ကိုယ်သူလည်း မောင်လို့ သုံးနေရာကနေ ဆရာ ကလေ ဆိုပြီး ဖြစ်ဖြစ် သွားတတ်သေးတယ် ။ က်ိုယ်က ဟုတ်ကဲ့ ဆရာ ဆိုပြီး ပြောတော့မှ သူ့ကိုယ်သူ သတိထားမိတာ။
တကယ်ပါလေ တစ်ခါတလေတော့လည်း ချစ်ဖို့ကောင်းသလို တစ်ခါတလေကျရင် ဆရာအရမ်းလုပ်တာကြောင့် ကြည့်မရဘူး ။ ဘယ်လို အဖိုးကြီးမှန်းကိုမသိပါဘူး....
ပြီးတော့ ချစ်သော သူငယ်ချင်း လေး ကလည်း ဆေးရုံးမဆင်းခင်နေ့ကတည်းက ပျောက်သွားလိုက်တာ ခုထိ ပေါ်မလာသေးဘူး။ သေတဲ့လူဆို တစ်လပြည့် ဆွမ်းကျွေးတောင် လုပ်ပြီးနေလောက်ပြီ။ မယားနဲ့သွားရင် အကုန်ကိုမေ့နေတော့တာပဲ။ ဖုန်းလေးတောင် မဆက်။
ပျင်းပျင်းနဲ့ ခြံထဲက ဒန်းလေးမှာပဲထိုင်ရင်း ဟိုတွေးဒီတွေး လုပ်နေမိသည်။ အလုပ်ကလည်း သိပ်မကြာခင် ပြန်ဆင်းရတော့မှာမို့ အေးဆေးနားခွင့်ရတုန်း အိမ်မှာ ဘာအလုပ်မှကို ဝိုင်းမကူပဲ အိပ်လိုက်စားလိုက်လုပ်နေလိုက်တော့သည်။
'' ဗုန်း....ဟေ့ကောင် ငါ့ကိုထိုင်လွမ်းနေတာလား ''
တိမ်တိုက်ကျောပြင် တစ်နေရာ အောင့်သွားပြီး မတွေ့ရတာကြာသော ရှန်မင်းအသံက အနောက်မှ ထွက်လာသည်။
![](https://img.wattpad.com/cover/301312152-288-k430821.jpg)
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022