Episode - 22

6.5K 439 14
                                    


အဲ့ညနေက ခွန်းအပြုံးတွေ မျက်လုံးထဲက အခုထိမထွက်သေးပေ။ ဝမ်းနည်းစရာကောင်းလောက်အောင် ​ခွန်းအပြုံးတွေက ဘာလို့အဲ့လောက် အသက်ဝင်နေခဲ့ရသလဲ။

စွန့်ပစ်ခံလိုက်ရတယ် ဆိုတာမျိူးလား။ ကိုယ်မမှားခဲ့တာတောင် ဖုန်းတစ်ချက်လေး ဆက်မလာခဲ့။ ရှင်းမပြချင်လောက်အောင်ကို ခွန်းက ပြတ်သားသွားခဲ့ပြီလား။

ပြီးဆုံးသွားပြီဟု သတ်မှတ်ထားခဲ့သော်လည်း နောက်ဆုံး မျှော်လင့်ချက် ကြိုးမျှင်လေး တစ်စဟာ ကျန်နေတုန်း။ အလုပ်ဆင်းချိန် ကားဂိတ်မှာ ပုံမှန်ထက် စောင့်နေခဲ့မိတယ် ခွန်းနဲ့များတွေ့လေမလားလို့ပေါ့။ ဖုန်းသံကိုအမြဲဖွင့်ထားကာ သွားလေရာ ယူသွားတယ်။ ထမင်းစားရင်တောင် ဖုန်းဘေးနားချထားခဲ့မိတယ့်အထိပဲ။ ခွန်းခေါ်ရင်မကြားလိုက်မှာစိုးလို့ပေါ့။

ဦးနှောက်က ဘယ်လိုပင် အဆုံးသတ်နေပါပြီဟု ပြောပြော မသိစိတ်မှာ​တော့ ခွန်းကိုမျှော်နေချင်သေးသည်ထင်။

မောင် လာချော့မှာပါဟု စိတ်ကိုတင်းကာ နေ့ရက်တွေကို တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလိုက်သည်။

မည်သို့ပင်ဖြစ်စေ.... မောင့်ကို ကျွန်တော်ချစ်သည်။

ကော်ဖီတွေ တကူးတကသွားသောက်ဖြစ်တယ် မောင်ရယ်.....
မောင်များ လာဆူပါစေတော့ဆိုတဲ့ ဆန္ဒနဲ့ပေါ့...
ညဘက်အိပ်မပျော်တော့လည်း မောင့်ကို ထိုင်လွမ်းရုံပေါ့....

ထိုင်နေကျ ထောင့်ဝိုင်းလေး မှာပဲ ထိုင်ပြီး မောင့်အငွေ့အသက်လေးတွေ ရလို့ရငြားရှာကြည့်ခဲ့သေးတယ် ။ မထူးပါဘူးမောင်ရယ် အဲ့ညနေက နာကျင်စရာမြင်ကွင်းတွေပဲ မျက်လုံးထဲ ပြန်မြင်နေတာရယ်။

ကော်ဖီကိုကုန်အောင်တောင် မသောက်တော့ပဲ ပြန်ထွက်လာခဲ့သည်။ အပြင်ရောက်တော့ ကောင်းကင်ကြီးတောင် ညိုမှောင်သောတိမ်တိုက်များရဲ့ အုပ်မိုးခြင်းကိုခံလိုက်ရလေပြီ။

သည်မိုးရာသီတွင် နေ့စဥ်ရက်ဆက်မိုးစက်များကိုတွေ့နေရသလိုလို။

လျှောက်နေကြလမ်းတွေကလည်း အခုမှ ပိုရှည်သလိုခံစားနေရပြီး စိမ်းလန်းလွန်းတဲ့ သစ်ပင်တွေနဲ့ လမ်းကလည်း ဘာလို့ဒီလောက်တောင် ဝမ်းနည်းစရာကောင်းရတာလဲ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Onde histórias criam vida. Descubra agora