K'Cloudy ၏ ဒုတိယနေ့......
ကျောင်းသားကျောင်းသူများ၏ ခြေလှမ်းများက ပထမတစ်ရက်ကဲ့သို့ ရွှင်လန်းတက်ကြွနေကြသည်။ ကျောင်းတက်ခေါင်းလောင်းဘဲလ်မမြည်ခင်အထိ ကျောင်းထဲတွင် အဖြူအစိမ်းနှင့်ကျောင်းသားလူရွယ်များအား လှုပ်လီလှုပ်လဲ့ တွေ့နေရသည်။ ထို့ပြင် တာဝန်ကျဆရာများကလည်း ကျောင်းဝန်းအတွင်း လှည့်လည်ကာ ကလေးများအား ကြည့်ရှုစောင့်ရှောက်ပေးကြသည်။ကျောင်းတက်ချိန်ရောက်သောအခါ အတန်းအသီးသီးထဲသို့ ကျောင်းသားကျောင်းသူများနှင့် သက်ဆိုင်ရာ ဆရာဆရာမများ ဝင်သွားကြကာ အတန်း၏ပထမဆုံးအချိန်ကိုစတင်ကြသည်။
ကျောင်းဂိတ်ပေါက်က လုံခြုံရေးဦးဝင်းကလည်း ကျောင်းတံခါးကိုသော့ခတ်ကာ ကော်ဖီခွက်ရှေ့ချပြီး သတင်းစာဖတ်နေသည်။
အမရာတစ်ယောက်ကတော့ ကျောင်းကိုနောက်ကျမှရောက်လာသည်။ မနေ့က ခွန်း၏ စကားတွေကြောင့် ဒီနေ့မနက်ကျောင်းလာဖို့ကိုပင် မနည်းအားတင်းကာ လာရသည်။
အရင်လူအရင်စိတ်သာဆိုလျှင် ဒီလိုအပြောခံရပုံမျိူးဖြင့် ရှက်လွန်းလို့သတ်တောင်သေမိမှာ အမှန်ပင်။ အခုတော့ ဖခင်၏ လောဘနှင့်သူမ၏အတ္တတို့်ပေါင်းဆုံလာသောအခါ မျက်လုံးထဲဘာမှမမြင်တော့။ အဓိက က ခွန်းကို သူမ ပြန်ပိုင်ဆိုင်ခွင့်ရရန်သာဖြစ်သည်။ တိမ်တိုက်ကြိုးဆိုသည့်ကောင်လေးဆီက ပြန်ဆွဲထုတ်နိုင်ဖို့ဆိုလျှင် ခွန်းနှင့်အနီးဆုံး နေတာကပိုကောင်းပေလိမ့်မည်။'' ဦးဝင်း တံခါးလေးဖွင့်ပေးပါဦး ''
အနည်းငယ်နွမ်းနေသော အသံဖြင့် ပြောတော့ ဦးဝင်းတစ်ယောက် သတင်းစာထဲ စိတ်ရောက်နေကာ တိုးလျလှသော အမရာ့အသံကို သူမကြားလိုက်။
'' ဦးဝင်း! ! ''
'' ေဟ ေဟ....ဪ ဆရာမ... လာပြီ လာပြီ ''
ဦးဝင်း သူ့နာမည်ကိုအော်ခေါ်သံကြားလိုက်တာကြောင့်လန့်သွားပြီး ပြာပြာသလဲ အပေါက်ဝကိုကြည့်တော့ အဖြူအစိမ်းနှင့် အမရာကိုတွေ့လိုက်ရ၍ သော့ယူကာ တံခါးဝဆီသို့ပြေးသွားဖွင့်ပေးလိုက်သည်။
'' ဆရာမ နောက်ကျတယ်နော်. ''
'' အင်း.....''
အမရာ အင်းတစ်လုံးသာ ပြောကာ ကျောင်းဆောင်တွေဘက်လျှောက်သွားလိုက်သည်။
![](https://img.wattpad.com/cover/301312152-288-k430821.jpg)
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022