လူနှစ်ဦးတောင်ရှိနေသည့် အခန်းထဲတွင် လေထုကအစ တိတ်ဆိတ်နေသည်။ ပြတင်းပေါက်က လေတိုးသံတောင်မကြားရ။ အပြင်ဘက်က ကောင်းကင်ကြီးကလည်း ကြယ်ရော လရော မရှိ...မဟူရာရောင် အတိ။ဆက်တီခုံတွင် ကြုံ့ကြုံ့လေးထိုင်ကာ အုန်းမုက်ခွက်ခေါင်းလုံးလေးကိုအောက်စိုက်ထားကာ လက်တွေအား အချင်းချင်းပွတ်သတ်ကာ စိတ်လှုပ်ရှားနေသော တိမ်တိုက်ကြိုး။ ညမီးအလင်းရောင်များ ထိန်ထိန်ညီးနေသော အပြင်ဘက်ကို ပြတင်းပေါက်ကနေတစ်ဆင့် လက်ပိုက်ကာ အေးစက်နေသော မျက်လုံးတွေနှင့် စူးစိုက်ကြည့်နေသော ခွန်းမာနမောင်။
ခွန်း၏မျက်နှာတွင် အလိုမကျမှုနှင့် ဒေါသအရိပ်များပြေးနေပြီး တိမ်တိုက်မျက်နှာတွင် စိုးရိမ်ခြင်းနှင့်အားငယ်ခြင်းတို့ တတိတိ တက်လာနေသည်။
'' မောင် မင်းကိုကြည့်နေတာကြာပြီ တိမ်တိုက်ကြိုး။ အလုပ်ကိုအကြောင်းပြပြီး မင်းပျက်စီးနေတာ ''
တိမ်တိုက်တစ်ယောက် အလုပ်လုပ်နေကတည်း ညဘက်အိမ်ပြန်နောက်ကျတာတွေ ပြန်မလာဖြစ်တာတွေ ရှိလာသည်။ မေးလိုက်လျှင်တော့ အမေ့အိမ်ပြန်အိပ်တာဟု ဖြေပြီး စုံစမ်းကြည့်လျှင် မဟုတ်ပြန်ချေ။ ပြန်လာဖြစ်သည့်နေ့တွေဆိုလျှင်လည်း ငါးရက်မှာ သုံးရက်လောက်က ဝိုင်နံ့သင်းပြီးပြန်လာသည်။
'' အဲ့လိုမဟုတ်ပါဘူး တစ်ခါတ.....''
'' ဘာတစ်ခါတလေ မင်းဟာက တစ်ခါ နှစ်ခါ ကတော့လို့လား။ ''
'' မောင်...အဲ့ဒါ....''
'' တိတ်လိုက်... မောင်ဘာမှမကြားချင်ဘူး။ ဒီပုံစံအတိုင်းဆို နောက်နေ့အလုပ်သွားဖို့မလိုတော့ဘူး ''
'' မောင့်! ! ''
တိမ်တိုက် ထိုင်နေရာကနေ ငိုက်ကနဲထရပ်ကာ ခွန်းအား မယုံနိုင်သလို ကြည့်ကာ အော်လိုက်သည်။
'' ဘာလဲ မင်းမှာ အလုပ်လုပ်မှ ဖြစ်ရမယ့်အကြောင်းအရင်းရှိနေလား ။ မင်းကိုမောင်ရှာကျွေးနိုင်တယ်ဆိုတာ မင်းမသိဘူးလား ''
''......''
'' အမေ့ကြောင့်လို့တော့ ဆင်ခြေမရှာနဲ့ ။ အမေမင်းကိုခွင့်ပြုထားတယ်ဆိုတာ မောင်သဘောတူထားလို့ဆိုတာ မမေ့နဲ့ ''
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022