'' ကလေး ထတော့ ၆နာရီထိုးနေပြီ ''ရင်ခွင်ထဲမှ အကောင်သေးသေးလေးကို ခွန်း နှိုးနေသည်။ အငိုသန်သောကလေးလေးကြောင့် မနေ့က အတော်ချော့လိုက်ရသည်ကို ပြန်တွေးမိပြီး ကြည်နူးပြုံး ပြုံးရပြန်သည်။ အသက် ၂၀တောင်ပြည့်တော့မည်ကို အခုထိကလေးဆန်နေသော တိမ်တိုက်ဖြစ်သည်။
မနေ့ညက မိုးကြောင့် အေးစိမ့်စိမ့်လေးဖြင့် အိပ်လို့ကောင်းသည်။ ရင်ခွင်ထဲမှ အနွေးဓာတ် သေးသေးလေးကြောင့်လည်း အိမ်မက်တွေ မှာနွေးထွေးခဲ့ရပြန်သည်။
ဒီအိမ်မက်တွေကို ကြိုးတစ်ခုခုနှင့် ချည်ပါဆိုလျှင် မောင့်ရဲ့ တိမ်တိုက်ကြိုး လေးနှင့်သာချည်ပါရစေ....
''အင်း... ဒီနေ့အလုပ်ပိတ်တယ် ''
ညည်းသံတစ်ချက်ပြုပြီးပြောကာ ရင်ခွင်ထဲ မျက်နှာ ပျောက်သည်အထိ ခေါင်းလုံးလုံးလေးမှာ ထပ်မံတိုးဝင်သွားသည်။
'' ကျောင်းသွားရမှာမဟုတ်ဘူးလား ''
မိနစ်အနည်းငယ် ကြာသည်အထိ တိမ်တိုက်ဆီမှ အသံထွက်မလာတော့။ ထပ်အိပ်နေပြန်ပြီထင်။
'' တိမ်တိုက်.. ဒီနေ့ ကျောင်းတက်ရက်လေကွာ အိမ်လည်းတစ်ခါပြန်ရဦးမှာကို နောက်ကျတော့မှာပဲ ထတော့ ''
'' ဟင် အင်း..ဟုတ်သားပဲ ''
အသံတိုးတိုးလေးဖြင့် အိပ်ရေးမဝသည့်အသံဖြစ်နေသည်။ ဟုတ်တယ် ပြောပြီး အသံကထပ်ထွက်မလာတော့ ထပ်အိပ်နေပြန်ပြီလား။
'' တိမ်တိုက် ''
'' ထပြီ ထပြီလို့ ''
ထိုအခါမှ ရင်ခွင်ထဲမှထွက်ကာ ဟိုဘက်လှိမ့်သွားသည်။ ခွန်း လည်း ထပြီး မျက်နှာဝင်သစ်ပြီး တိမ်တိုက်နှင့် သူ့အတွက် ကော်ဖီဖျော်နေသည်။ သူ့အတွက် ကော်ဖီခါးခါးလေးနှင့် တိမ်တိုက်အတွက် မိုင်လိုနှင့်ကော်ဖီ ရောထားသော Micoffee(မိုင်ကော်ဖီ) ကို သေချာဖျော်ထားသည်။
တိုက်ခန်း ကို ပြန်ပြောင်းလာကတည်းက တိမ်တိုက်ရောက်လာလျှင် သောက်ဖို့ မိုင်လို နှင့် ကော်ဖီမှုန့်များကို ဝယ်ဖြည့်ထားသည်။ ဝယ်ပြီးကတည်းက အခုပထမဆုံး ဘူးဖောက်ခြင်းဖြစ်သည်။ အရင်ရက်တွေက ကော်ဖီမသောက်ဖြစ်။
![](https://img.wattpad.com/cover/301312152-288-k430821.jpg)
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022