အပိုင်း(၁) : အဲ့တာကြီးထပ်မကျွေးပါနဲ့တော့ အလှလေးရယ် ...

6.1K 527 80
                                    

{ Unicode }

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၁) : အဲ့တာကြီးထပ်မကျွေးပါနဲ့တော့ အလှလေးရယ် ...

.........................

" နောင်ကြီး ရေ ... နောင်ကြီး "

" ဟိတ်ကောင်... စောစောစီးစီး သူများ အိမ်ရှေ့လာအော်မနေနဲ့ ၊ နားညည်းတယ် "

ရှောင်းကျန့် ထမင်းချက်အဆောင် ထဲကနေ ထွက်လာပြီး သူ့အိမ်ရှေ့တွင် အာပြဲလျှာပြဲ အော်နေသော ဖန်ရှင်းကို လှမ်းတားလိုက်ရသည်။

သူ့ရဲ့ ဇနီးလေးက အိပ်နေတုန်းလေ။ တော်ကြာ ဒီကလေး လုပ်ပုံနှင့် နိုးသွားမှ မျက်နှာလှလှလေး ချောင်ကျသွားပါဦးမယ်။

" နောင်ကြီးက တစ်ခွန်းခေါ်လည်း မထူးတော့ အော်ရတာပေါ့ "

အိမ်ရှေ့ ကွပ်ပျစ်တွင် ဖန်ရှင်းက ဝင်ထိုင်ပြီး ကဆောင့်ကအောင့် ပြန်ပြောလိုက်သည်။

ရှောင်းကျန့် က မျက်ထောင့်နီကြီးနှင့် အငယ်က အကြီးကို အင်မတန် ဆရာလုပ်ချင်တဲ့ ထိုကောင်လေး ခေါင်းကို လက်ဆစ်နှင့် ခေါက်လိုက်သည်။

" ဘာပြောစရာရှိလို့ လာတာလဲ "

ရှုံ့မဲ့ နေတဲ့ ဖန်ရှင်းက ရှောင်းကျန့် ကို မကျေမချမ်းကြည့်ရင်း ...

" နောင်ကြီး ရဲ့ မဟေသီလေးကို ကစားဖို့ လာခေါ်တာ "

" မင်း မရီး နေမကောင်းဘူး ... ပြန်တော့ "

ရှောင်းကျန့် အေးအေးလူလူ ဖြေလိုက်သည်။

ဝမ်ရိပေါ် က တကယ့် ငမွှေထိုးပါ။ ရွာထဲက ကလေးတွေနဲ့ ပေါင်းပြီး ပြဿနာရှာတယ်။ သူ့အကြွေးတွေ မရမချင်း သူများအိမ်ကို ကလေးတသိုက်ခေါ်ပြီး သွားနှောက်ယှက်ပြန်သေးသည်။

ရှောင်းကျန့် ကို မရမက ယူထားတာလည်း သူပဲ။ ယူပြီး ရှောင်းကျန့် ကို စိတ်တိုရအောင်လည်း မကြာခဏ လုပ်တယ်။

တရားကျဖို့ကောင်းရဲ့လား ။

" ဝမ်အာကောကော က ဘာလို့ နေမကောင်းတာလဲ "

" နေမကောင်းပါဘူးဆို သူ့ဖာသာ နေမကောင်းဖြစ်တာပေါ့၊ နေမကောင်းဖြစ်တာကို ငါတို့မှ တားမရဘဲ၊ မရှည်နဲ့ ၊ ပြန်တော့ "

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now