( Unicode )
[ မြေပိုင်ရှင် အလှလေးက ငါ့ယောကျ်ား ]
အပိုင်း(၂၀) : အချစ်ရယ် ...
...........
လက်ရှိ နန်းတော်ကြီးမှာ အစေခံများက ပျားပန်းခပ် နေသကဲ့သို့ မအားမလပ် ရှိနေကြလေသည်။
သက်ဦးဆံပိုင် ဘုရင်စနစ် အပြင် တော်ဝင်စာမေးပွဲကိုလည်း ထပ်မံ ကျင်းပကာ နိုင်ငံအတွက် ထူးချွန် ပြောင်မြောက်အောင် စွမ်းဆောင်နိုင်မဲ့ မင်းမှုထမ်းကောင်းတွေကို တွေ့မြင်ချင်တာလည်း ပါ၏။
ဒီကြားထဲ ရှောင်းကျန့် သည်လည်း မအားလပ်ပါချေ။ တော်ဝင် မင်းမှုထမ်း တွေရဲ့ ကိုယ်ရေးရာဇဝင် တွေနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာ ရေး၊ လုံခြုံရေး က အစ မျိုးစုံသော စာပေစာအုပ်တန်းတွေကြားမှာ သူ ခေါင်းနစ်နေရလေသည်။
တစ်ဦးတည်းသော ချစ်သည်းဝမ်ဖေး ကလေးကလည်း ရှောင်းကျန့် စာဖတ်ချိန်တိုင်း အမြဲတစေ အဖော်ပြု စောင့်နေပေးတာမို့ စိတ်ရောကိုယ်ပါ သွက်လက် လန်းဆန်းနေလေတော့တယ်။
" ယောကျ်ား ဇက်ဆွဲ ပေးရမလား "
ဖောင်းကား နေတဲ့ ဗိုက်ကလေးကို လက်တစ်ဖက်နဲ့ ထိန်းကိုင်လို့ ရှောင်းကျန့် စာကြည့်စားပွဲနား တရွေ့ရွေ့ တိုးကပ်လာတဲ့ ဝမ်ရိပေါ် ကလေး မျက်နှာက ပြည့်နေ၏။
ရှောင်းကျန့် နှစ်လိုဖွယ် ပြုံးကာ ခေါင်းခါလိုက်မိသည်။
ဝမ်အိတုန်ကလေးက သူ့ရင်သွေးကလေးတွေ လွယ်ထားရတော့ သိပ်အပင်ပန်းမခံစေချင်ပါ။
" မလိုပါဘူး ကိုယ်တော့် ဝမ်ဖေးအိတုန်ကလေးရယ် ... သက်သောင့်သက်သာ အနားယူပြီး ကိုယ့် ဘေးမှာပဲ ထိုင်နေပေး ... တကယ်လို့ ထိုင်ရတာ ညောင်းလာရင် အိပ်လိုက်လို့ ရတယ် "
စာအုပ်စင် ကန့်လန်ကာ နောက်တွင် အိပ်စက် အနားယူဖို့ရာ သလွန် ရှိလေတယ်။
အစက စာကြည့်တိုက်မှာ လုံးဝ မရှိပေ။ ရှောင်းကျန့် ကိုယ်တိုင် နည်းဗျူဟာ ဆွဲပြီး ကိုယ်တိုင်ကိုယ်ကျ စီမံကာ တည်ဆောက်ထားတဲ့ လျှို့ဝှက် နေရာကလေးမို့ မည်သူမျှ မသိကြပါလေ။
YOU ARE READING
မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား
Fanfictionဝတ္ထု တစ်ခုထဲ ပြန်လည်မွေးဖွားလာတဲ့အခါ အလှလေးက ငါ့ယောကျ်ား တဲ့။ သူ့ယောကျ်ား က အရမ်းလှတယ် ။ မြေရှင်ကြီး ရှောင်းကျန့် က အလှလေး XiaoZhan WangYiBo ZSWW