အပိုင်း (၂၃) : ချစ်စဖွယ် အရုပ်ကလေးများနှင့် ဝက်နှုတ်သီးလေး

3.8K 158 20
                                        

[ Unicode ]

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း (၂၃) : ချစ်စဖွယ် အရုပ်ကလေးများနှင့် ဝက်နှုတ်သီးလေး

................

ရှောင်းကျန့်သည် ယမန်နေ့တွင်တော့ နန်းတော်အပြင်ဘက်သို့ ကိုယ်ရံတော်ကျန်းနှင့်အတူ ထွက်လာခဲ့သည်။ ရောက်ခါစကတည်းက သူ အပြင်ကို စိတ်လွတ်ပေါ့ပါးစွာ မလည်ပတ်ရသေးပါ။ ခမည်းတော်မင်းကြီး၏ စစ်ရေးဗျူဟာများကို အပတ်တကုတ် သင်ယူနေရတဲ့အပြင် ချစ်ဇနီးလေးနှင့်လည်း ချစ်ကြည်နူးချင်နေသေးတာကြောင့် နန်းတော်မှာပဲ သောင်သင်နေခဲ့ရတာ ကြာပြီ ဖြစ်၏။

ဝမ်အိတုန်ကလေးကို ခေါ်ချင်ပေမယ့် မပေါ့မပါးကြီးမို့ အပြင်သို့ မခေါ်ရက်ပေ။

ခေါ်လာပြန်ရင်လည်း သူ့အချစ်ကလေးသည် ကလေးငယ်တစ်ယောက်လို ဆော့မြူကစားချင်နေဦးမှာဆို ခက်ရချည်ရဲ့လေ။

" အရှင့်သား ... ဒီမှာ အိုးပုတ်ချိုးရုပ်လေးတွေ ရှိတယ် "

ကျန်းအိုက်ချင်းရဲ့ သတိပေးစကားကြောင့် ရှောင်းကျန့် အကြည့်များသည် ထိုအရုပ်ဆိုင်လေးကိုသာ လှည့်ကြည့်မိသွားသည်။

အရောင်အသွေးစုံတဲ့ အရုပ်ကလေးများကို ဆိုင်ရှင်က တွန်းလှည်းလေးနှင့် ခင်းကျင်းပြသထားပြီး အချို့ကိုတော့ ချိတ်ဆွဲပြထား၏။

" သခင်လေး ဘာလိုချင်ပါသလဲဗျာ "

ဆိုင်ရှင်အဘိုးကြီးက ဝတ်ကောင်းစားလှတွေနှင့် ရုပ်ရည်ချောမောတဲ့ သခင်လေးက သူ့ဆိုင်က တိုလီမုတ်စ ပစ္စည်းများကို စိတ်ဝင်တစားကြည့်နေသည့်မို့ အားတက်သရော မေးမြန်းလိုက်သည်။

" မမွေးသေးတဲ့ကလေးလေးအတွက် ဘယ်လိုအရုပ်လေး ဝယ်သွားရင် ကောင်းမလဲ "

ရှောင်းကျန့် က တွေးတောရင်း မစဥ်းစားတတ်တော့၍ ဆိုင်ရှင်အဘိုးကြီးကို စစ်ကူတောင်းလိုက်သည်။

အားလုံးသည် အလွန်ချစ်စရာကောင်းပြီး လှပလွန်း၏။ သို့ဖြစ်၍ ရှောင်းကျန့် ဘာကို ရွေးယူရမလဲ မသိဘူး ဖြစ်နေသည်။ ပြီးတော့ ရှောင်းကျန့်က ကလေးကစားစရာတွေနဲ့ ရင်းနှီး ကျွမ်းဝင်မှုမှ မရှိတာဘဲ။

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 15, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားDonde viven las historias. Descúbrelo ahora