အပိုင်း (၂၂) : အလှလေးက ကလေးဆန်တယ်

2.7K 224 35
                                    

( Unicode )

    [ မြေပိုင်ရှင် အလှလေးက ငါ့ယောကျ်ား ]

အပိုင်း (၂၂) : အလှလေးက ကလေးဆန်တယ်

.................

" ဝမ်ဖေးလေး ဘယ်ကို ရောက်နေလဲ "

အမဲလိုက်ရာကနေ ပြန်လာတာနှင့် အရှင့်သား ဖြစ်သူ ရှောင်းကျန့် ရဲ့ တမ်းတအရဆုံးသူကတော့ သူ့ရဲ့ ကြင်သူ သက်ထားလေး ကိုပဲ ဖြစ်လေ၏။

ဆတ်သားနဲ့ တောဝက် အကြီးကြီး တစ်ကောင်ကို ဖမ်းမိလာ၍ အားရကျေနပ်ခြင်းနဲ့ အတူ ရှောင်းကျန့် က အချစ်ကလေး ရှိရာကို ဖျတ်လတ်စွာ ပြေးလာခြင်းပဲ ဖြစ်လေသည်။

သို့သော် အမောပင်ဆို့သွားရလေသည်။

သူတွေ့ချင်မိသော ဝမ်ဖေးလေးက အိပ်ဆောင်နန်း တွင် လုံးဝ မရှိပေ။

ထို့ကြောင့် ဝမ်ဖေးရဲ့ နောက်လိုက် အစေအပါး များကို ခေါ်ကာ ဆူပူ မာန်မဲ နေမိလေ၏။

" ကြင်ယာတော် ဝမ်ဖေးဘုရားက မိဖုရားမယ်မယ် အဆောင်တော်မှာ ရှိပါတယ် အရှင့်သား "

သွက်လက်သော မိန်းမငယ်လေးက ရှေ့ကို ထွက်လာကာ လျှောက်တင်လာသည့်မို့ အရှင့်သား ရဲ့ အမျက်က ပြေလျော့ သွားလေသည်။

" ကောင်းပြီ! မင်းတို့ သွားလို့ရပြီ "

အရိုအသေပေးကာ ထွက်ခွာသွားတဲ့ အစေခံ မိန်းမငယ်လေးများကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ စားပွဲထက်က ဇီးသီးရေနွေးကြမ်းကို တစ်ကျိုက် မော့သောက်ပစ်လိုက်သည်။

ပထမဦးဆုံး အမဲလိုက်ရာမှ ဖမ်းမိလာသော သားကောင်များကို စားဖိုဆောင် ပို့ထားပြီး ဝမ်ဖေးနဲ့ ဘုစုခရုလေးတွေ ကျန်းမာသန်စွမ်းဖို့ ကျွေးမွေး ရဦးမည်။

" ကျန်းအိုက်ချင်း... "

" ကျွန်တော်မျိုး ရှိကြောင်းပါ အရှင့်သား "

ရှောင်းကျန့် ဒီကိုရောက်စကတည်းက ကျန်းလင် က သူ့နံဘေးတွင် တာဝန်ထမ်းဆောင်ရတဲ့ အမှုထမ်း ဖြစ်လေသည်။

သူငယ်ချင်း ဖြစ်သူ ယွီပင်းကိုတော့ နန်းတွင်းရဲ့ အကြံပေးအရာရှိ လက်ထောက်အမတ်အဖြစ် နေရာချထားပေးလိုက်တယ်။ ဒါကြောင့်မို့ ယခုထိ သူတို့ မဆုံဖြစ်ကြသေး။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now