( Unicode )
[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]
အပိုင်း(၁၂) : ဝမ်တစ်လုံးပေါ်လေး၏ ဆန်းဆန်းကြီး အပြစ်ပေးနည်း
......................ဝမ်ရိပေါ် ကလေးက နိုးလာကတည်းက တည်တည်ငြိမ်ငြိမ်ကလေး ငြိမ်သက်လို့နေတယ်။ ဘယ်သူကိုမှလည်း အတွေ့မခံသလို သူကိုယ်တိုင်လည်း ဘာစကားတစ်ခွန်းမှ မဟခဲ့။
အကြောင်းစုံကို သိသွားကြပြီဖြစ်တဲ့ ကျိုးချန်ကတော့ ရှောင်းကျန့် ကို စိတ်ပျက်သလို ကြည့်၏။ ယွီပင်းကတော့ ဘာမှဝင်မပြောဘဲ ရှောင်းကျန့် မျက်နှာကို မသိမသာ အကဲခတ်လို့နေတယ်။ ဟိုက်ခွမ်း ကတော့ အနေအေးသူ ပမာ ရှောင်းကျန့် ကို နှစ်သိမ့်ပေးရှာပါသည်။
ကျိရန်ကတော့ လင်ပိုးသွားပိုးနေတာမို့ ဒီမှာ ရှိမနေ။ ပြန်လာမှ အဲ့ကောင် နားရွက်ကို ဆွဲပစ်ဖို့ပါ သူတို့သုံးယောက် ခဲထားလိုက်သေးသည်။
" ဝမ်ဝမ်မှာ ရင်သွေးလေးရှိနေတယ်... မင်းလုပ်တာ နည်းနည်းကို မဟုတ်ဘူး တအားလွန်သွားတာ "
ကျိုးချန်က ကြိတ်မနိုင်ခဲမရဖြစ်နေပြီး ရှောင်းကျန့် ကို အပြစ်တင်မဆုံး။ ဝမ်ဝမ်က သူ နဲ့ အင်မတန် ရင်းနှီးတဲ့ ကလေးပေါက်စလေးမို့ လိုတာထက်ပိုပြီး သံယောဇဉ် ရှိတယ်။
" သူ သွေးတအားသွန်ထားတယ်... ပျက်မကျတာပဲ ကျေးဇူးတင်ရမယ် "
ဟုတ်တယ်။ ခုနှစ်ပတ်လောက်ပဲ ရှိသေးတဲ့အတွက် သွေးတအားနုပါသည်။ ရိပေါ်က အပြင်ပိုင်းသာ သန်မာချင်ယောင်ဆောင်ပေမဲ့ တကယ်တမ်း နာကျင်မှုဒဏ်ကို ခံစားရလျှင် မည်သူကမှ အတင်းပြုံးနိုင်မှာ မဟုတ်ဘူး။
" ချန်အာ... စိတ်လျော့ပါကွာ ၊ ရှောင်းကျန့် လည်း အရမ်း ခံစားနေရတာကိုပဲ "
" ခွမ်းအာ ! မင်း ဝင်မပါနဲ့ "
ကျိုးချန်က တစ်ချက်ဟောက်လိုက်တော့ ဟိုက်ခွမ်း နှုတ်ပိတ်သွားလေပြီ။ မနေ့တစ်နေ့ကပဲ ချစ်သူဖြစ်တယ် အာဏာပါဝါတွေ ပြနေပုံက အရင်က ကျိုးချန် မဟုတ်တဲ့အတိုင်းပင်။
![](https://img.wattpad.com/cover/304108296-288-k798810.jpg)
YOU ARE READING
မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား
Fanfictionဝတ္ထု တစ်ခုထဲ ပြန်လည်မွေးဖွားလာတဲ့အခါ အလှလေးက ငါ့ယောကျ်ား တဲ့။ သူ့ယောကျ်ား က အရမ်းလှတယ် ။ မြေရှင်ကြီး ရှောင်းကျန့် က အလှလေး XiaoZhan WangYiBo ZSWW