အပိုင်း(၉) : နမ်းမဝရင် ထပ်နမ်းပေါ့ ငါ့ယောကျ်ားရယ် ...

3.1K 350 67
                                    

( Unicode )

        
   [ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၉) : နမ်းမဝရင် ထပ်နမ်းပေါ့ ငါ့ယောကျ်ားရယ် ...

.................

နွေရာသီပူပူခေါင်ခေါင်အချိန်တွင် ရုတ်တရက် သည်းထန်သော မိုးသက်မုန်တိုင်းသည် မဖိတ်ခေါ်ပါဘဲ အလျင်စလို ရောက်ရှိလာခဲ့တော့တယ်။

မိုးသံလေသံတွေ တဝုန်းဝုန်း ရိုက်ခတ်သံနှင့် အတူ သစ်ပင်များဟာလည်း မိုးသီးမိုးပေါက်များနှင့် လေပြင်းပြင်းကြောင့် ဘယ်ညာ ရမ်းခါနေတော့သည်။

ရိပေါ်မှာ စောင်ထူထူထဲ ကွေးရင်း မီးလင်းဖိုနားတွင် ရှောင်းကျန့် ပုခုံးပေါ် ခေါင်းမှီကာ အချမ်းပြေအောင် အနွေးဓာတ်ယူလျက် ရှိသည်။

ကျင်းဝူကိုလည်း ဂူထဲတွင် စိတ်မချသဖြင့် အိမ်ကိုပဲ တင်ခေါ်ထားလိုက်၏။

မုန်တိုင်းသည် သုံးရက်ကြာအောင်ထိ မစဲဘဲ မိုးရွာသွန်းတုန်းပင် ရှိသေးသည်။

" မိုးက ဘယ်နှရက်တောင် ကြာမှာလဲ မသိဘူး "

" မုန်တိုင်းတိုက်တာထင်တယ်... ကိုယ် မင်းအနားမှာ ရှိနေမှာမို့ စိတ်ချလက်ချသာ နေနော် "

ရိပေါ် လက်ဖမိုးလေးကို အသာထွေးဆုပ်ရင်း ရှောင်းကျန့် က အေးအေးလူလူ ပြန်ဖြေလာသည်။

အင်းပေါ့လေ။ အလှလေးက ဒီနေရာမှာ ကြီးပြင်းလာတာ ကြာပြီဆိုတော့ ဒီဒေသအကြောင်း သူ့ထက်ပို သိမှာပါ။

" အကယ်၍ သေသွားလည်း ချစ်တဲ့သူအနားမှာ သေခွင့်ရတာမို့ ကျွန်တော် ကျေနပ်တယ် "

" ဝမ်အိတုန်လေး ... နိမိတ်မရှိတာတွေ မပြောပါနဲ့လားကွယ်... ယောကျ်ား အနားမှာ ဝမ်အိတုန်လေးက မြေးမြစ်လေးတွေရတဲ့အထိ အတူတူနေသွားကြရမှာပါကွာ "

ရိပေါ် လှစ်ခနဲ ပြုံးမိလိုက်လေသည်။ အလှလေးထံက တီတီတာတာပြောသံလေး ကြားရတော့ ဖိုသီဖတ်သီ နှင့် လှိုက်ဖိုလာရတယ် ။

" အခုတလော ရင်ထဲမှာ မအီမသာဖြစ်နေတယ်... ယောကျ်ား ကျွန်တော် ရောဂါတွေများ ရနေလား မသိဘူး "

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now