အပိုင်း(၄) : ငါ့ ဇနီးလေးကို လာမထိနဲ့ . . .

4.4K 445 74
                                    

[ Unicode ]

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၄) : ငါ့ ဇနီးလေးကို လာမထိနဲ့ . . .

...............

ပူပြင်းလွန်းသော နွေရာသီရဲ့ အပူရှိန်ကြောင့် ဝမ်ရိပေါ် ချွေးဒီးဒီးကျလို့ နေတော့သည်။

အိမ်ရှေ့တွင် ရှိသော ကွပ်ပျစ် လေးသည် နေအပူဒဏ်ကြောင့် အရိုးဆွေးတော့မယ် ထင်၏။

အလှလေး ကိုယ်တိုင် ပြန်ဆောက်ပေးထားတဲ့ သစ်ပင်ကြီးအောက်က ကွပ်ပျစ် တွင်သာ ရိပေါ် ထိုင်ရင်း ယပ်ခပ်နေရတော့သည်။
                                                 
ဝါးကွပ်ပျစ်ကလေးမို့ ဝါးရိုးဆူးမှာလည်း စိုးရပါ၏။

" တောက်! ပူအိုက်လိုက်တာ ငါ့ယီးလိုပဲ "

ရိပေါ် ခပ်ကြိတ်ကြိတ် ဆဲရင်း ကောက်ရိုးယပ်တောင်လေးကို တဖျတ်ဖျတ်ခါအောင်ထိ ရမ်းခါလိုက်ရသည်။

အလှလေးတို့ ဘယ်လို သည်းခံနေလည်း မသိဘူး။

ရိပေါ် ကတော့ သေချင်စော်နံပါတယ်။ မနေချင်တော့ဘူး။ ကိုယ့်ဇာတိပဲ ပြန်ပြေးချင်တော့တယ်။

ဟိုမှာဆို အဲယားကွန်း ၊ ပန်ကာလေးနှင့် ဇိမ်ခံလို့ ရသေး၊ ဒီမှာကျ ဒါမျိုးတွေ မရှိတဲ့ အပြင် မီးချောင်းပါ မရှိဘူး။

ယနေ့က တနင်္ဂနွေနေ့မို့ ဆိုင်ကို နားထားပါသည်။

တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ရကာ နေ့လည်ခင်းမို့ နေအပူဒဏ် မခံနိုင်စွာ ခွေးပေါက်လေးလို တအီအီနှင့် ရိပေါ်မှာ အောင့်သက်သက်။

ဒါတောင် အလှလေး ဆင်ပေးသွားတဲ့ ရိုးရိုးဖျင်ချည်ကြမ်းလေးကို ဝတ်ထားရလို့ နေလို့ ထိုင်လို့က အဆိုးကြီးတော့ မဟုတ်။

ဟိုလို သခင်လေး ဝတ်စုံတွေဆို အတွင်းဝတ်၊ အလယ်ဝတ်၊ အပေါ်ဝတ်စတဲ့ အထပ်ပေါင်းစုံနှင့် လူလည်း စောင်ထုတ်ကြီးပတ်ထားရသကဲ့ပင် စိတ်အိုက်ရပါ၏။

ဒီအရပ်သား ဝတ်စုံလေးကမှ သက်သောင့်သက်သာ နှင့် နေထိုင်ကောင်းသေးသည်။

" ဝမ်အာ "

ခြေသလုံးသာသာ ခြံစည်းရိုး လေးကနေ လက်ပြလို့ လှမ်းအော်နေတဲ့ အလှလေးကြောင့် ရိပေါ် မျက်လုံးတွေက တလက်လက်။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားOnde histórias criam vida. Descubra agora