အပိုင်း(၂) : အလှလေးက သူ့ကို သဝန်တိုနေတယ်

5.2K 540 53
                                    

[ Unicode ]

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၂) : အလှလေးက သူ့ကို သဝန်တိုနေတယ်

.....................

ဝမ်ရိပေါ် ပါးမို့မို့လေးနှစ်ဖက်က မို့တက်နေပြီး နှုတ်ခမ်းသေးသေးလေးသည်လည်း စိတ်လိုလက်ရ ပြုံးရယ်လို့နေသည်။

ဝမ်ရိပေါ် လေးက ပြုံးရယ်လိုက်ရင် အရမ်းလှတာပဲ။

အပြာနုရောင်ပိုးထည်ကလေး ဝတ်ထားတဲ့ ဝမ်ရိပေါ် ကလေးသည် ကျက်သရေရှိစွာ သန့်သန့်ပြန့်ပြန့် ။ ဆံပင် များကိုလည် နဖူးတွင် အပြောင်သိမ်း ထုံးဖွဲ့ထားတာမို့ တည်ငြိမ် ရင့်ကျက်သော အသွင်အပြင်ကလေးဟာ စွဲမက်ဖွယ်အပြည့်။

ရှောင်းကျန့် မှာ သူ့ရှေ့တွင် ပန်းလေးတစ်ပွင့်ကဲ့သို့ လှသွေးကြွယ်နေသော အနှီ ဝမ်ရိပေါ် ရဲ့ မျက်နှာလေးကို ငေးရင်း ပတ်ဝန်းကျင် ကို မေ့လို့နေသည်။

" မြေရှင်ကြီးက သူ့ဇနီးလေးကို တအားချစ်ပုံပဲ။ ကြည့်နေတာ သွားရည်တွေ ကျတော့မယ် ဟယ် "

နံဘေးက မုဆိုးမ တသိုက်နှင့် အိမ်ထောင်သည် အမျိုးသမီးများ ၊ အပျိုကြီး ၊ အပျိုငယ် လေးများက အစ တီးတိုးရေရွတ်ကာ ရှောင်းကျန့် ဖြစ်အင်ကို အကဲခတ် နေတာမို့ ရှောင်းကျန့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရပါသည်။

သူတို့ အသံက ရှောင်းကျန့် ကြားဖို့ရာ အတော် ကျယ်ပါသည်။ ဝမ်ရိပေါ် ကလေးကို လှမ်းပြီး ကြည့်လိုက်တော့ ရှက်ပြုံးလေးနှင့် ငြိမ်နေလေသည်။

ရှောင်းကျန့် အိမ်သူသက်ထားလေးက အရမ်း အိန္ဒြေလည်း ရှိပြီး လိမ္မာ  သိတတ်နေပြီ။

အရင်တုန်းကလို လူကြားထဲ ဝုန်းဒိုင်းကြဲ မရမ်းကားတော့ဘူး။

ရာသီပွဲတော်နား နီးပြီမို့ ရပ်ရွာထဲက လူများကို သူကြီးအိမ်တွင် စုဝေးကာ မုန့်များ လုပ်စေသည်။

ရှောင်းကျန့် ကလည်း ငွေကြေးကြွယ်ဝတဲ့သူမို့ တတ်နိုင်သမျှ အားဖြည့်ကာ ဝယ်ပေးထားပါသည်။

ရှောင်းကျန့် တို့က ဂျုံမှုန့် များကို နှယ်နေရသည်။ ရိပေါ်လေးကိုတော့ လက်နုနုလေးမှာ အသားမာ တက်မည် ဆိုး၍ အဒေါ်ကြီးတွေ မုန့်လုံးနေတဲ့  အနားမှာ သွားကူစေပါတယ်။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now