အပိုင်း(၁၈) : ချစ်သူ စိတ်ကောက်ရင် ဘယ်လို ချော့ရမလဲ ...?

2.4K 265 56
                                    

( Unicode )

       [ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၁၈) : ချစ်သူ စိတ်ကောက်ရင် ဘယ်လိုချော့ရမလဲ ...?

.............

ရထားလုံးကလေးက နှစ်လုံးကလေး ဖြစ်လေသည်။ အရှေ့တွင် ရဲမက်အချို့နဲ့ သေနာပတိ စတဲ့ နန်းတွင်းရေးရာများကတော့ မြင်းတစ်ကောင်စီ စီးကာ လိုက်ပါလာကြလေသည်။

ရိပေါ်မှာ ရထားလုံးလေးပေါ် အငြိမ်မနေနိုင်။ လူကလည်း လမ်းအကွေ့အကောက် ၊ အမတ်အစောက် ရောက်လေတိုင်း ခုန်,ခုန်တက်သွားရတဲ့ အဖြစ်က ရယ်ချစ်စရာလည်းကောင်းလေ၏။

" အလှလေး ... ဝမ်အိတုန်ကလေး ထိုင်ရတာ ပူနေပြီ "

ဘေးက အဖြူရောင်ပိုးဖဲသား ဝတ်စုံလေးနဲ့ ရှင်းသန့် တည်ကြည် ခန့်ညားနေသော အလှလေးက ရှင်ဘုရင်လောင်း ဖြစ်တော့မယ်ဆိုတာ ရိပေါ် မယုံနိုင်သေးဘူး။

သူ့အလှလေးရဲ့ ဘုန်းမီးနေလ က သိပ် ကြီးတာပဲ။

အသောကလိုမျိုး သူ့အလှလေးက ဘုန်းတန်ခိုး နဲ့ ကူညီစောင့်ရှောက်ပေးမဲ့ နတ်ကောင်းနတ်မြတ်တွေ ရှိနေတာ တော်ရုံတော့ မဟုတ်ပေ။

အသောကက ကော်ရဝီ နဲ့ မညားခဲ့ပေ။ တစ်ယောက်ကို တစ်ယောက် အသက်ပေး ချစ်သော်လည်း တိုင်းပြည် နှစ်ခုဟာ ရန်သူတွေမို့ သူတို့ အချစ်ဟာ ကြားထဲက မြေစာပင် ဖြစ်ခဲ့ရလေ၏။

အိန္ဒိယ ဇာတ်လမ်းတွဲတွေထဲမှာ အသောက ကားကို ရိပေါ် နေ့ညမရွေး ကြည့်ခဲ့ပါသည်။ သနားလည်း သနားတယ် ။ ချစ်သူတွေ ချစ်တိုင်းလည်း မညားဘူး ဆိုတဲ့ ရှေးလူကြီးတွေ စကားက ဖင်ယားပြောခဲ့တာတော့ မဟုတ်လောက်ပါ။

ဒါရိုက်တာကို ထပြေးရိုက်ချင်လည်း ရိပေါ် ချိုးနှိမ်ထားရပါသေးသည်။ ဒါ့အပြင် အသောက ဇနီးသည် ဒေဝီကလည်း အသောကကို သိပ်ချစ်တာမို့ အဆိုးထဲက အကောင်းလို့ပဲ သတ်မှတ်ရသည်။

ထိုဇာတ်ကား သရုပ်ဆောင်ထဲမှာ ရိပေါ် သဘောကျတာ Siddharth Nigam နဲ့ Reem ကိုပင် ဖြစ်လေသည်။ SiddReem ဆိုပြီးလည်း သူက Shipper ဖြစ်လိုက်သေး၏။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now