( Unicode )
[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]
အပိုင်း(၁၆) : လယ်တောထဲမှာ ချစ်ကြည်နူးနေတဲ့ တောသားမောင်နှံ
.............
ဝမ်ရိပေါ် ရင်တွေ ပူနေရပါသည်။ ရှောင်းကျန့် ကို မနက်အစောကြီးကတည်းက နန်းတော်က သေနာပတိ က ရဲမက်အချို့ နှင့် ရောက်လာပြီး အပြစ်ကင်းပြီး ရိုးသားလွန်းတဲ့ သူ့ယောကျ်ားကို ခေါ်သွားပါသည်။
အကြောင်းကိစ္စ မရှိပါဘဲ ထိုကဲ့သို့ မိုက်တိမိုက်ကန်း ဖမ်းခေါ်သွားတာမျိုးတော့ မဟုတ်လောက်ပါချေ။
ရိပေါ် ယောကျ်ားက ဘာအပြစ်တွေ ရှိနေလို့လဲ။
" သားရယ်... အရမ်းလည်း စိတ်မပူပါနဲ့ကွယ်၊ သား ယောကျ်ားက ဘာမှမဖြစ်လောက်ပါဘူး "
ရိပေါ် မေမေစကားသံများကို မကြားတစ်ချက်၊ ကြားတစ်ချက်ရယ်သာ။ မှိုင်တွေတွေနှင့် ရှောင်းကျန့် ပြန်လာနေကျ လမ်းပေါက် ကလေးကို ငေးငေးကြည့်ရင်း လွမ်းခြင်းရဲ့ အငွေ့အသက် တွေက အိမ်တံခါးဝလေးမှာ ထင်ဟပ်လျက်ပင် ရှိနေတော့မယ်။
" တစ်ခုခုတော့ စားပါဦး သားရယ်... သားမစားချင်ရင်တောင် အားတင်းပြီး ဗိုက်ထဲက ကလေးလေးတွေ အတွက် စားရမယ်လေ နော်... "
မေမေရဲ့ ချော့မြူသံလေးတွေကြောင့် ရိပေါ် မဖောင်းသေးသော ဗိုက်ကလေးကို ငုံ့ကြည့်ရင်း လက်ကလေးနှင့် အသာပွတ်သပ်လိုက်မိသည်။
" မေမေ...သား ယောကျ်ား ဘေးကင်းမှာပါနော် "
" ဒါပေါ့... ရှောင်းကျန့် က လူကောင်းတစ်ယောက်ပဲ။ မကြာခင် ပြန်လာမှာပါကွယ် "
မနက်ကတည်းကနေ ယခု နေ့လည်အချိန်ထိ မှိုင်တွေချ နေတဲ့ သားရဲ့ ပခုံးလေးကို အသာ ပွတ်ရင်း ဝမ်သခင်မကြီး ပင့်သက်ရှိုက်လိုက်မိသည်။
သမာအာဇီဝ ရိုးသားသော လယ်ယာမြေတွေ ပိုင်ဆိုင်ထားတဲ့ သူတို့သားမက် အချောလေးကို ရွှေမြို့တော်က ဘာကြောင့်များ အခေါ်လွှတ်လိုက်ပါသလဲ။ အပြစ်တင် ရအောင်လည်း သူတို့ သားမက်က အလိမ္မာလေးဆိုတာ သူမတို့ သိပါသည်။
BẠN ĐANG ĐỌC
မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား
Fanfictionဝတ္ထု တစ်ခုထဲ ပြန်လည်မွေးဖွားလာတဲ့အခါ အလှလေးက ငါ့ယောကျ်ား တဲ့။ သူ့ယောကျ်ား က အရမ်းလှတယ် ။ မြေရှင်ကြီး ရှောင်းကျန့် က အလှလေး XiaoZhan WangYiBo ZSWW