အပိုင်း(၆) : ကိုယ့်ဟာကို စုပ်ပေး

4.1K 395 58
                                    

( Unicode )

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၆) : ကိုယ့်ဟာကို စုပ်ပေး

...............

လုပ်ချင်တာတွေ လုပ်နေရရင် ပျော်နေတတ်သူကို ညွှန်ပြ ပါဆိုလျှင် ဝမ်ရိပေါ် ကလေးက နံပါတ်တစ်နေရာကို ဦးထားပါပြီ။

မြေရှင်ကြီး သခင်ရှောင်းကျန့် ရဲ့ လယ်ထွက်၊ ယာထွက် သီးနှံ များကို ကြိမ်ခြင်းတောင်းကြီးထဲတွင် အပြည့် နှစ်ခြင်းလောက်ထည့်ပြီး ရှောင်းကျန့် လစ်တဲ့အချိန်ကို စောင့်နေပါသည်။

စောစောစီးစီး ဝီရိယကောင်းစွာ ရိပေါ်က ထနှင့်နေပြီး သိုလှောင်တဲလေးထဲတွင် တကုပ်ကုပ် အလုပ်ရှုပ်နေလေရဲ့။

ချစ်တီးဆိုတဲ့ ဆောင်ပုဒ် နဲ့အညီ ဝမ်ရိပေါ် ကလေးက ချစ်တီးမျက်နှာဖြူလေးပါ။ ကုလားလို့ပြောရအောင် သူ့အသားက နှင်းကလေးများကဲ့သို့ ဖွေးဖွေးအုအုကလေး ။

ထနေကြအချိန်မို့ ရှောင်းကျန့် သည်လည်း လင်းကြက်တွန်တာနှင့် မျက်လုံးများက ပွင့်လာတော့သည်။

နံဘေးက ချစ်သည်းပန်းကလေး ကို မတွေ့ရ၍ ရင်တစ်စုံဟာ ပူလောင်လာရသည်။

ထူးထူးဆန်းဆန်း သူ့ရဲ့ ချစ်ပန်းခိုင်ကလေးက အစောကြီးများနိုးနေလေသလား။

တွန့်ကြေနေသော အိပ်ရာခင်းကို တစ်ချက် ဆွဲဆန့်ကာ ခေါက်လိုက်တော့သည်။

နေ့စဥ် နိုးထလာတိုင်း ရှောင်းသခင်ကြီးက အားအင်အပြည့် မျက်နှာကလေးကလည်း အေးမြကြည်လင်လို့နေတယ်။

" ဟော... ကိုယ့်ရဲ့ ရှောင်းဝမ်အာလေးက ကြားသားမိုးကြိုး စောစောထလို့ပါလား... "

ရှောင်းကျန့် စဥ့်အိုးထဲက ရေနှင့် မျက်နှာသစ်ပြီးလို့ နောက်လှည့်တဲ့အချိန် မတ်မတ်ကလေး ရပ်နေတဲ့ ဝမ်အာလေးကြောင့် အသက်မထွက်ရုံတမယ် လန့်သွားရတာတော့ တကယ်ပါ။

သူ ရေသုတ်ဖို့ မျက်နှာသုတ်ပဝါ ကလေး ကိုင်ထားတဲ့ ဝမ်ရိပေါ် ကလေးက ကလေးတစ်ယောက်လို ပြုံးရယ်လို့နေသည်။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now