အပိုင်း (၁၇) : အညှာကိုင်ရင်း ယောကျ်ား ကို အနိုင်ယူနည်း

2.7K 248 63
                                    

( Unicode )

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း (၁၇) : အညှာကိုင်ရင်း ယောကျ်ား ကို အနိုင်ယူနည်း

..............

ဟောက်ရွှမ်း တစ်ယောက် စျေးခြင်းတောင်းကိုင်ကာ အမေဖြစ်သူနောက်ကနေ စျေးဝယ်လိုက်လာရပါသည်။

နောင်တော် ဝမ်ရိပေါ် ကလည်း မပေါ့မပါးကြီးမို့ ဟောက်ရွှမ်း အမေ အဖော်ရအောင် စျေးခြင်းတောင်းကူ လိုက်လာခဲ့ခြင်းဖြစ်တယ်။

မနက်ခင်းမို့ စျေးက တိုးတိုးကျိတ်ကျိတ် နဲ့ လူစည်လွန်းပေသည်။

" ကြက်ဥ ၊ ဘဲဥ နဲ့ ဟင်းသီးဟင်းရွက် ဝယ်စရာကျန်သေးတယ်၊ သား ဒီနေ့ ဘာဟင်းစားချင်လဲ "

ကလေးအမေ တစ်ယောက်လို မထင်ရအောင် နုလွန်းသော မေမေကို ကြည့်ပြီး ဟောက်ရွှမ်း က အသာပြုံးရင်း မေမေ ပခုံး ကို ဖက်လိုက်တယ်။

" သားက မေမေ့ လက်ရာဆို ဘာဟင်းနေနေ ကြိုက်ပြီးသားပဲ။ နောင်တော် နဲ့ တည့်မဲ့ အစားအစာပဲ မေမေ ဝယ်ချက်လိုက်လေ "

" သားငယ်က အရမ်း သိတတ်နေတော့ မေမေ ဘာပြန်ပြောရမလဲတောင် မသိဘူး "

ဝမ်သခင်မကြီး ကြည်နူးအပြုံးများနှင့် ဟောက်ရွှမ်း ပါးကလေးကို ဆွဲရင်း နှစ်ခြိုက်စွာ ပြုံးမိသည်။

သူမ သားတွေက သူမတူအောင် လိမ္မာလွန်းတော့ မိခင်တစ်ယောက်အနေနဲ့ အင်မတန် ဂုဏ်ယူဝမ်းမြှောက်မိ၏။

" ဒေါ်ဒေါ် ‌ စျေး လာဝယ်တာလား "

အသီးအရွက်တန်းရှေ့ ရပ်နေတဲ့ ဟောက်ရွှမ်း တို့အနား စုန့်ကျိရန်က ရောက်လာရင်း ပျူငှာစွာ မေးလိုက်တော့ ဝမ်သခင်မကြီးက ပြုံးပြသည်။

" ဟုတ်တယ် သားရေ... အိမ်မှာ ချက်စရာ ကုန်သွားလို့ စျေးဝယ်ထွက်လာတာကွဲ့... ဒါနဲ့ သားကရော ဘယ်သွားမလို့လဲ "

မြက်ရိုးကို  တိုးလိုးတန်းလန်း နှုတ်ခမ်းတွင် ချိတ်ထားတဲ့ စုန့်ကျိရန်က အနာဂတ် ယောက္ခမ အမေးကြောင့် မျက်နှာက ပြုံးဖြဲဖြဲ နဲ့ မျက်နှာပိုးမသတ်တော့ပေ။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now